၁၄ ဩဂုတ် ၂၀၂၅ - ၁၅:၂၉
ယခုနှစ် ကရ်ဗလာ အရ်ဗအီးန် အတွက်  နိုင်ငံခြားသား ဇေယာရသ် ပြုသူ  ၄ သန်းကျော် လာရောက်

ယခုနှစ် ကရ်ဗလာ အရ်ဗအီးန် အတွက် နိုင်ငံခြားသား ဇေယာရသ် ပြုသူ ၄ သန်းကျော် ပါဝင်ခဲ့ကြောင်း အီရတ်ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယခုနှစ် ကရ်ဗလာ အရ်ဗအီးန် အတွက်  နိုင်ငံခြားသား ဇေယာရသ် ပြုသူ ၄ သန်းကျော် ပါဝင်ခဲ့ကြောင်း အီရတ်ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့  သြဂုတ်လ ၁၄ ရက်နေ့ ကြာသပတေးနေ့ တွင် 
ကြေညာ ခဲ့ပါတယ်။

အီရတ် သတင်းအေဂျင်စီ၏ အဆိုအရ အီရတ်ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဘာစ် အလ်ဗဟာဒလီ က အီရတ်နိုင်ငံမှ ဘုရားဖူး ဧည့်သည် ၄.၁ သန်းကို အရ်ဗအီးန် ဇေယာရသ် ခရီးစဥ် တွင် ပါ၀င်ရန် 
လက်ခံထားကြောင်း ပြောကြားခဲ့ပါတယ်။

ဤအရေအတွက်သည် နိုင်ငံပေါင်း ၁၄၀ မှ နိုင်ငံခြား ဇေယာရသ် ပြုသူများ ၏ အရေအတွက် ဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။


အစောပိုင်းက အီရတ် လုံခြုံရေး သတင်းယူနစ် အကြီးအကဲက ဇေယာရသ် ခရီးစဉ်အတွက် လုံခြုံရေး အန္တရာယ် မရှိဘူးလို့ အလေးပေး ပြောကြားခဲ့ပါတယ်။

ကရ်ဗလာ ယေ မိုအလာ မြို့ဝန် ကလည်း ဇေယာရသ် ပြုသူ အရေအတွက်သည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက တိုးလာသည်ဟု ပြောကြားခဲ့ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha