၂၂ ဩဂုတ် ၂၀၂၅ - ၁၄:၅၁
အီရတ် ကြံ့ကြံ့ခံ တော်လှန်ရေး အဖွဲ့ မှ ကျွန်ုပ်တို့၏လက်သည် ခလုတ်ခုံပေါ်တွင်ရှိနေပြီး အမေရိကန်၏ ကတိများကို မယုံကြည် ကြောင်း ပြောကြား

အီရတ် ကြံ့ကြံ့ခံ တော်လှန်ရေး အဖွဲ့များ သည် အမေရိကန်၏ ကတိများကို အယုံအကြည် မရှိကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားထားပြီး ဤ အတွက်ကြောင့် ကြံ့ကြံ့ခံ တော်လှန်ရေး အဖွဲ့ အစည်းများသည် တိုင်းပြည် နှင့် ပြည်သူများကို ကာကွယ်ရန် အမြဲ အသင့် ရှိနေကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ၊ အီရတ်ရှိ ကြံ့ကြံ့ခံ တော်လှန်ရေးပါတီများ ညှိနှိုင်းရေးကော်မတီသည် အမေရိကန် ၏ မူဝါဒများကို လုံးဝအယုံ အကြည်မရှိကြောင်း နှင့် ၎င်း၏ ကတိများသည် လှည့်စားခြင်းမှလွဲ၍ အခြားမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ကြံ့ကြံ့ ခံခုခံမှု ၏ သစ္စာခံ မိုဂျာဟစ်ဒ်ဒီးန် များသည် အီရတ်နှင့် ၎င်း၏လူများကို ခုခံကာကွယ်ရန် အမြဲ အသင့်ရှိ နေကြောင်း အီရတ် ကြံ့ကြံ့ခံ တော်လှန်ရေး အဖွဲ့ က ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် မိမိ ၏မူဝါဒများကို ပြောင်းလဲခဲ့ပြီး မိမိ  ၏ စစ်အခြေစိုက်စခန်းအချို့တွင် တပ်စွဲ ထား သည့် တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချခဲ့ပြီး အချို့တပ်မများကို ဘေးကင်းလုံခြုံသောနေရာများသို့ ပြောင်း‌ရွေ့ ခံကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း တစ်ဖက်တွင်မူ အီရတ်လေပိုင်နက်အတွင်း မိမိ ၏ စစ်လေယာဉ်များနှင့် မောင်းသူ မဲ့လေယာဉ်များ ပျံသန်းမှု တိုးမြင့်လာခဲ့ပြီး ယင်းသည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ကာ အီရတ်ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုခြင်းပင်ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

ကြံ့ကြံ့ခံ တော်လှန်ရေးပါတီများ ညှိနှိုင်းရေးကော်မတီ က အီရတ်အစိုးရအဖွဲ့အစည်းများနှင့် လွတ်တော်ထံ  အမေရိကန်တပ်ဖွဲ့များ၏ တပ်ဖြန့်မှုနှင့် လှုပ်ရှားမှုများကို တင်းကြပ်စွာ စောင့်ကြည့်ရန်နှင့် ၎င်းတို့၏ အမှန်တကယ် ဆုတ်ခွာကြောင်း သေချာစေရန် သို့မှသာ အီရတ်သည် ကုန်းမြေနှင့် ဝေဟင်ပိုင်နက် အပေါ် အချုပ်အခြာအာဏာ အပြည့်အဝ ရရှိစေ မည် ဖြစ်ကြောင်း တောင်းဆို ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha