၅ ဖေဖော်ဝါရီ ၂၀၂၆ - ၂၀:၅၅
အီရန်၏ ဒုံးကျည်စွမ်း အားကြောင့် ထရမ့်သည် အီရန်နိုင်ငံကို တိုက်ခိုက်ရာတွင် သတိထားခဲ့ရကြောင်း ပြောကြား

တီဟီရန်နှင့် ဝါရှင်တန်အကြား မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ရည်ညွှန်း၍ အီဂျစ်နိုင်ငံခြားရေး ကောင်စီအဖွဲ့ဝင်က အီရန်၏ ဒုံးကျည်စွမ်းရည်သည် အမေရိကန်၏ စစ်ရေးပဋိပက္ခအတွင်း သို့ ဝင်ရောက်ခြင်းကို သတိထား ရာတွင် အရေးကြီးသောအချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် လာမည့် ညှိနှိုင်း ဆွေးနွေးပွဲများ ၊ တင်းမာမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အကဲဖြတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုများနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ဆိုင်ယက် အဘာစ် အာရောက်ချီက အိုမန်နိုင်ငံ မစ္စကတ်မြို့တွင် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း အတည် ပြုခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပင် ဒေါ်နယ် ထရမ့်က အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ကာကွယ်ရေးအဆင်သင့်ရှိကြောင်း အလေးထား ပြောကြား သည့် အပြင် သံတမန်ရေးလမ်းကြောင်းကို အသုံးပြုလိုကြောင်း ဖော်ပြထားပါတယ်။

အီဂျစ် မဟာဗျူဟာစစ်ရေးလေ့လာရေး အဆင့်မြင့်အကယ်ဒမီ၏ အကြံပေး ဟရှာမ်းအလ်ဟလဘီ က ဆွေးနွေးပွဲများ သည် စစ်ပွဲကို ကာကွယ်ရန် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး တင်းမာမှုများ မြင့်တက်လာခြင်းကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် နှစ်ဖက်စလုံးက ဤလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ သို့သော် အတိတ် က အတွေ့အကြုံများ အရ  အမေရိကန်သည် အလား အလာရှိသော သဘောတူညီချက်များကို အပြည့်အဝ လိုက်နာနိုင်ခြေကို အီရန်အတွက် ထိလွယ်ရှ လွယ်သော ပြဿနာတစ်ခုအဖြစ် အကဲဖြတ်ပြီး သတိထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟရှာမ်းအလ်ဟလဘီ ၏အဆိုအရ အမေရိကန်၏ နျူကလီးယားသဘောတူညီချက်မှ ထွက်ခွာခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ယုံကြည်မှုမရှိမှု နှင့် ကြီးမားသည့် အငြင်းပွားမှုများကြောင့် ဆွေးနွေးပွဲများမှ အခြေခံကျသော အောင်မြင်မှုများ ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း  သို့သော် ဆက်လက် ညှိနှိုင်း ဆွေးနွေးမှုများသည် တင်းမာမှု အဆင့်ကို လျော့ချနိုင်မည်ဖြစ်ကြောင်း ထိုလုပ်ငန်းစဉ်ကို ခိုင်မာစေရန် အချိန်ကြာမြင့်စွာ လိုအပ်မည်ဟု ပြော ကြားခဲ့ပါတယ်။

အစ္စရေး၏ အခန်းကဏ္ဍနှင့် ဒေသတွင်းနိုင်ငံများ၏ စိုးရိမ်မှုများ

ဤ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူက အစ္စရေး၏ ရပ်တည်ချက်ကို ရည်ညွှန်းပြောကြားရာတွင် တယ်လ် အဗစ် အနေဖြင့် အီရန်နှင့် အမေရိကန်တို့အကြား သဘောတူညီချက်ရရှိခြင်းကို မလိုလားကြောင်း  အီရန် အပေါ် စစ်ရေးဖိအားများ တိုးမြှင့်စေလိုကြောင်း ဖော်ပြခဲ့ပါတယ်။ သို့သော် ညှိနှိုင်း ဆွေးနွေးပွဲမတိုင်မီ သို့မဟုတ် ညှိနှိုင်း ဆွေးနွေးပွဲ တစ်ပြိုင်နက်တည်းတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှု၏ ဖြစ်နိုင်ခြေမှာ နည်းပါး သည်ဟု ၎င်းက ယူဆပြီး အမေရိကန်ပြည်ထောင်စုသည် ဤအချက်တွင် တင်းမာမှုများ မြင့်တက်လာ ခြင်းကို ကာကွယ် ရန် ကြိုးစားနေသည်ဟု ယုံကြည်ကြောင်းဖြစ်ပါတယ်။

ဟရှာမ်းအလ်ဟလဘီ က အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား အပြန်အလှန်ခြိမ်းခြောက်မှုများကို အလေး အနက်ထားသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် နှစ်ဖက်ကြား ကွဲပြားမှုများသည် မဟာဗျူဟာမြောက် သဘော သဘာဝရှိသောကြောင့်ဖြစ်ကြောင်း နှစ်နိုင်ငံအကြား မည်သည့်စစ်ပွဲမဆို ဒေသတွင်းနိုင်ငံများအတွက် နှစ်ဖက်စလုံးအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးဆုံးရှုံးမှုများအပြင် ကျယ်ပြန့်သော အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်ကြောင်း ဤအကြောင်းကြောင့် ဒေသဆိုင်ရာအစိုးရများသည် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ခြင်းဖြင့် အကျပ်အတည်း ပျံ့နှံ့မှုကို ကာကွယ်ရန် ကြိုးစားနေကြသည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

အီရန်၏ ဒုံးကျည်စွမ်းအားနှင့် အမေရိကန်၏ စိုးရိမ်မှုများ

အီဂျစ်အရာရှိက အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှု နှောင့်နှေးရခြင်းမှာ ဝါရှင်တန်က တီဟီရန်ကို ဆွေးနွေးပွဲများဆီသို့ ခေါ်ဆောင်ရန် ဖိအားနှင့် ခြိမ်းခြောက်မှုများကို အသုံးပြုရန် ဆန္ဒကြောင့်ဟု ယူဆပြီး ၎င်းကို ကမ်းပါးအစွန်း မဟာဗျူဟာ ( brinkmanship strategy)  ၏ ဥပမာတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။

အဆုံးတွင် အီရန်၏ ဒုံးကျည်စွမ်းအားသည် တိုက်ခိုက်မှုတစ်ခုတွင် ထိရောက်သော တုံ့ပြန်မှုကို ပေးစွမ်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းသည် အီရန်အား  စစ်ရေးအရ ကိုင်တွယ်ရာတွင် သတိထားစေသော အဓိက အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ဟရှာမ်းအလ်ဟလဘီ  က အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha