အီဂျစ်
-
ဒေသတွင်းကိစ္စများ ရှေ့မတိုးနောက်မဆုတ်အခြေအနေသို့ ရောက်ရှိနေပြီး အီရန်နှင့် ဆက်သွယ် ဆွေးနွေး နေ/အီဂျစ်
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နှင့် အမေရိကန်အကြား တင်းမာမှုကြောင့် ဒေသတွင်းတွင် စစ်မဖြစ်သလို ငြိမ်းချမ်းရေးလည်း မရရှိသေးသည့် အခြေအနေ ဖြစ်ပေါ်နေပြီး ထိုအခြေအနေမှ လွတ်မြောက်နိုင်ရန် တီဟီရန်နှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပါတယ်။
-
အီဂျစ်ရှိ အယ်လ်အဇ်ဟရ် တက္ကသိုလ် မှ အီရန်ကို ကူညီခြင်းသည် မွတ်စလင်မ်များ အားလုံး အပေါ် မပြုမနေ ရတာဝန် ဖြစ်ကြောင်း ပြောကြား
အီဂျစ်နိုင်ငံရှိ အယ်လ်အဇ်ဟရ် တက္ကသိုလ် ၏ သုတေသနနှင့် အစ်ဖ်သာအ် ထုတ်ပြန်ရေး တာဝန်များကို ဆောင်ရွက် နေသော မိုအ်စစေဟ် မဲဟ်ရာဗ် (Mu’assasah Mihrab) အဖွဲ့အစည်းက မကြာသေးမီက ထုတ်ပြန် ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေသော အီရန်ကို ကူညီပံ့ ပိုးခြင်း သည် မွတ်စလင်မ်များ အားလုံး အပေါ် မပြုမနေ ရတာဝန် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
-
အဗ်နာသတင်းဌာန နှင့် အင်တာဗျူးတွင် အီဂျစ် နိုင်ငံခြား ဆက်ဆံရေး ကောင်စီအဖွဲ့ဝင်က
အီရန်၏ ဒုံးကျည်စွမ်း အားကြောင့် ထရမ့်သည် အီရန်နိုင်ငံကို တိုက်ခိုက်ရာတွင် သတိထားခဲ့ရကြောင်း ပြောကြား
တီဟီရန်နှင့် ဝါရှင်တန်အကြား မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ရည်ညွှန်း၍ အီဂျစ်နိုင်ငံခြားရေး ကောင်စီအဖွဲ့ဝင်က အီရန်၏ ဒုံးကျည်စွမ်းရည်သည် အမေရိကန်၏ စစ်ရေးပဋိပက္ခအတွင်း သို့ ဝင်ရောက်ခြင်းကို သတိထား ရာတွင် အရေးကြီးသောအချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် လာမည့် ညှိနှိုင်း ဆွေးနွေးပွဲများ ၊ တင်းမာမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အကဲဖြတ်ခဲ့ပါတယ်။
-
ကမ္ဘာ့ဖလား၏ ဘေးထွက်အစီအစဉ်များအပေါ် စိုးရိမ်မှုများ ရှိလာကြောင်း အီရန် ဟောင်ဇေအေလ်မီယေများ ၏ ကျောင်းအုပ်ကြီး မှ ရှိက်ခ် ခိုလ်အဇ်ဟရ် ထံ စာပေးပို့
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၂၀၂၆ နီးကပ်လာသည့်အချိန်တွင်၊ အီရန်နှင့် အီဂျစ်အသင်းများ အုပ်စုအဆင့်တွင် ဆုံတွေ့နိုင်ချေရှိခြင်းကြောင့် ယဉ်ကျေးမှု နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အချက်အလက်များအပေါ် ပိုမိုအာရုံစိုက်လာကြပါတယ်။