၆ မတ် ၂၀၂၆ - ၁၄:၃၅
အီဂျစ်ရှိ အယ်လ်အဇ်ဟရ် တက္ကသိုလ် မှ အီရန်ကို ကူညီခြင်းသည် မွတ်စလင်မ်များ အားလုံး အပေါ် မပြုမနေ ရတာဝန် ဖြစ်ကြောင်း ပြောကြား

အီဂျစ်နိုင်ငံရှိ အယ်လ်အဇ်ဟရ် တက္ကသိုလ် ၏ သုတေသနနှင့် အစ်ဖ်သာအ် ထုတ်ပြန်ရေး တာဝန်များကို ဆောင်ရွက် နေသော မိုအ်စစေဟ် မဲဟ်ရာဗ် (Mu’assasah Mihrab) အဖွဲ့အစည်းက မကြာသေးမီက ထုတ်ပြန် ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေသော အီရန်ကို ကူညီပံ့ ပိုးခြင်း သည် မွတ်စလင်မ်များ အားလုံး အပေါ် မပြုမနေ ရတာဝန် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ  ဤ ထုတ်ပြန်ချက်တွင် ပါဝင်သည့် ကြေညာချက်သည် အစ္စလာမ် ရေးရာ တဝလ္လီ (Tawalli) နှင့် တဗရရီ (Tabarri) ဟူသော ရှရီအီ အူစူများ ကို အခြေခံထားကြောင်း ဖော်ပြ ထား ပါတယ်။

ထို့အပြင် ထုတ်ပြန်ချက်တွင် မွတ်စလင်မ် တစ်ဦးကို ကာဖိရ်များ၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန် ကူညီပေးခြင်း သည် မွတ်စလင်မ်များ အားလုံး အပေါ် မပြုမနေ ရတာဝန် ဖြစ်ကြောင်း ထိုသို့သော အခြေအနေတွင် ကာဖိရ်များဘက်တွင် ရပ်တည်ခြင်း သို့မဟုတ် ၎င်းတို့၏ ကျူးကျော်မှုများကို အကြောင်းပြပေးခြင်း သည် ဟရာမ် (တားမြစ်ထားသော လုပ်ရပ်)  ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထို့ပြင် မိုအ်စစေဟ် မဲဟ်ရာဗ် (Mu’assasah Mihrab)  ၏ အကြီးအကဲ မုဖ်သီ အလာမဟ် အဗ်ဒိုလ်ကဝီး ကလည်း လူမှုမီဒီယာတွင် စာတမ်းတစ်ခု ထုတ်ပြန်ခဲ့ပြီး « အင်န်ကေလာဗ် အစ္စလာမ် ၏ ခေါင်းဆောင်  »  ဟု ခေါ်ဆိုထား သော ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) အကြောင်း ပြောကြားရာတွင် “ရှဟီးဒ် သည် ကလေမဟ် ရှဟာဒသိုင်း ကို ဖတ်ရွတ်ခဲ့သူ ၊ ကျွန်ုပ်တို့ ၏ ကဗ်လဟ် ဘက်သို့ မျက်နှာမူ၍ ဝတ်ပြု ခဲ့သူ လမြတ် ရမ်ဒွါန် တွင် ရိုဇဟ် ထားခဲ့သူ ကျွန်ုပ်တို့၏ မြင့်မြတ်သော အရာများ လွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့၏ ရန်သူများနှင့် တိုက်ခိုက်ရင်း အစ္စလာမ် အခြေအနေဖြင့် ရှဟီးဒ် ဖြစ်ခဲ့သူဖြစ် ကြောင်း ဤသက်သေ အထောက်အထားများ ရှိလျက်  ရှဟီးဒ် အာ မွတ်စလင်မ် မဟုတ်ဟု စွပ်စွဲချင်ပါက သင်တို့၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း သို့သော် ထိုအတွက် (အလ္လာဟ်ထံ ၀ အဖြေပေးရမည် ဖြစ်ကြောင်း ၊ အလ္လာဟ် ဟို အရှင်မြတ် သည် ရှဟီးဒ် ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) အပေါ် မိမိ၏ ကရုဏာတော်များ ချီးမြှင့်ပါစေ ကြောင်း ရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha