အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘဒ်ရ် အဗ္ဒယ်လ်အာတီက အရှေ့ အလယ်ပိုင်း ၏ လက်ရှိအခြေအနေသည် စစ်ပွဲအပြည့်အဝ ဖြစ်ပွားနေခြင်းလည်းမဟုတ်၊ ငြိမ်းချမ်းရေး ရရှိနေခြင်း လည်းမဟုတ် သည့် ရှေ့မတိုးနောက်မဆုတ် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တစ်ချိန်တည်း တွင် ကိုင်ရိုအနေဖြင့် အီရန်နှင့် အဆက်မပြတ် ဆက်သွယ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဘဒ်ရ် အဗ္ဒယ်လ်အာတီက အာရပ်စော်ဘွားများပြည်ထောင်စုမှ ထုတ်ဝေသည့် ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ဒေသတွင်း၌ ပြင်းထန်သော ပြဿနာတစ်ရပ် ရှိနေပြီး လူတိုင်းသိရှိထားသည့်အတိုင်း လက်ရှိအခြေအနေသည် စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်သည့် အခြေအနေ ဖြစ်ကြောင်း ပြောပါတယ်။
၎င်းက ထပ်မံပြောကြားရာတွင် အခြေအနေများသည် ယခုအချိန်အထိ ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသ တစ်ခုလုံးသည် ရှေ့မတိုးနောက်မဆုတ် အခြေအနေတွင် ပိတ်မိနေသကဲ့သို့ ခံစားရကြောင်း ဆိုပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက အီဂျစ်အနေဖြင့် အီရန်ဘက်နှင့် ဆက်သွယ်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ၎င်း၏အဆိုအရ ကိုင်ရိုသည် ယင်းပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်လိုပြီး ထိုရည်ရွယ်ချက် အတွက် အီရန်၏ နျူကလီးယားအစီအစဉ်ကို ပြန်လည်သုံးသပ်ခြင်း၊ အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခြင်း၊ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ခြင်း တို့ ပါဝင်သည့် သဘောတူညီချက်တစ်ရပ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
အဗ္ဒယ်လ်အာတီက ဇွန်လတွင် အမေရိကန်နှင့် အီရန်အကြား ရရှိခဲ့သည့် သဘောတူညီချက်သည် စစ်ပွဲ အဆုံးသတ်ရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် လမ်းဖွင့်ပေးရန် ရည်ရွယ်ထားသော်လည်း ပြီးခဲ့သည့်လတွင် ပျက်ပြယ်သွားခဲ့ကြောင်းပြောပါတယ်။
အဆိုပါသဘောတူညီချက်အရ ပိတ်ဆို့အရေးယူမှုများ လျှော့ချပေးခြင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ခြင်းတို့ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း အဆိုပါလုပ်ဆောင်ချက်နှစ်ရပ်စလုံးမှာ လက်တွေ့ အကောင်အထည် မပေါ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment