အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်စစ်တပ်၏ စစ်ဦးစီးချုပ်သည် ရန်သူများ၏ ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ဆက်လက်ပြီး အစိုးရ ရက်သတ္တပတ် အခမ်းအနားတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော် သမ္မတ နှင့် အစိုးရအဖွဲ့၏ လုံ့လဝီရိယ အပြည့် နှင့် ဆောင်ရွက်ပေးမှုများကို ချီးကျူးခဲ့ပြီး အစိုးရနှင့် အတူ အစ္စလာမ်မစ် တော်လှန်ရေး၏ မြင့်မြတ် သော ရည်မှန်းချက်များ ဖြည့်ဆည်းရာတွင် လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ၁၂ ရက်ကြာစစ်ပွဲအတွင်း တပ်မတော်အပေါ် လမ်းညွှန်မှုနှင့် ယုံကြည်မှုအတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား ကျေးဇူးတင်ရှိကြောင်း နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ညွှန်ကြားချက်အရ တပ်မတော်သည် နိုင်ငံ အကျိုးစီးပွား၊ နယ်နိမိတ်စည်းလုံးညီညွတ်ရေးနှင့် အစ္စလမ်မစ် ပြည်သူ့ သမ္မတနိုင်ငံကို ကာကွယ်ရန်အတွက် မိမိ တို့၏ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေးပြီးကတည်းက ပြည်သူများနှင့် အစိုးရအဖွဲ့အစည်းများ၏ စည်းလုံး ညီညွတ်မှု သည် ကာကွယ်ရေးအပါအဝင် နယ်ပယ်အသီးသီးတွင် အီရန်နိုင်ငံ ကို တိုးတက်စေခဲ့ကြောင်း ဤစည်းလုံးညီညွတ်မှုကြောင့် အမေရိကန်နှင့် အစ္စရေးတို့၏ သဘောထားကွဲလွဲမှုကို ပျံ့နှံ့စေရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း လက်နက်ကိုင်တပ်ဖွဲ့များက အလေးပေးပြောကြားခဲ့ပါတယ်။
မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း မိမိတို့အား ထောက်ခံမှု နှင့် အမျိုးသားသွေးစည်းညီညွတ်မှုအတွက် အီရန် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် အီရန်သည် သမ္မတ နှင့် အစိုးရနှင့် အပြည့်အဝ ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ခြိမ်းခြောက်မှုတိုင်းကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပြီး ရန်သူများကို ပြတ်ပြတ် သားသား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment