၂၄ စက်တင်ဘာ ၂၀၂၅ - ၀၀:၃၇
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၉)ရပ်ကွက်တွင် Wifi ကြိုးးတပ်ဆင်သော လူငယ်တစ်ဦးဓာတ်လိုက်​သေဆုံး

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)ရပ်ကွက် မြစပါယ်လမ်းတွင် စက်တင်ဘာ ၂၃ရက် နံနက် ၉း၀၀ အချိန်ခန့်.က အသက် ၁၈ နှစ် အရွယ် လူငယ် တစ်ဦး မှာ Wifiကြိုးများတပ်ဆင်နေချိန် ဓာတ်လိုက် ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစွယ်စုံသတင်း ၏ အစီရင်ခံ စာ အရ  မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်) အရေးပေါ်လူနာတင်ယာဥ်ဖြင့် အခင်း ဖြစ်ပွားသည့် နေရာ သို့ ရောက်ရှိခဲ့သော်လည်း ဓာတ်လိုက်ခံရသူ လူငယ်မှာ သေဆုံသွား ပြီး ဖြစ်ကြောင်း သိရပါတယ်။ 

သက်ဆိုင်ရာနှင့် မိသားစုများရောက်ရှိလာပြီး နောက် အလောင်း  ကိုလူမှုကူညီရေးအသင်း(ရန်ကုန်) နာရေး ယာဥ်ဖြင့်မြောက်ဥက္ကလာပဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။

ယခုလို မိုးတွင်းကာလ  လည်း ဖြစ် ၊ မီးကလည်း မမှန် သည့် အတွက်ကြောင့် Wifi ကြိုးများတပ်ဆင်နေကြသောညီအကိုများလျှပ်စစ်အန္တရာယ်ကိုအထူးသတိထားပြီးလုပ်ဆောင်ကြဖို့အကြံပြုအပ်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251 

Tags

Your Comment

You are replying to: .
captcha