အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ တို့ မှ ဓာတ်ပုံများချိတ်ဆွဲထားသည့် အခန်းတွင် နမာဇ် ဝတ်ပြုခြင်း ကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါ တယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
(အရှေ့ဘက် သို့မဟုတ် ညာဘက် သို့မဟုတ် လက်ဝဲဘက် သို့မဟုတ် နောက်ဘက်တွင်) ပုံများဖြင့် ချိတ်ဆွဲ ထားသည့် အခန်းတစ်ခု (ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ) အတွင်း နမာဇ် ဝတ်ပြုလျင် မည်သို့ လာရှိပါ သနည်း ? ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ အမြင် ကို ဖော်ပြပေးပါ။
အဖြေ
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ၏ အမြင် အရ (သက်ရှိသတ္တဝါများ ၏ ရုပ်ပုံများရှိသော နေရာ) တွင် နမာဇ် ဝတ်ပြုခြင်း သည် မကရူးဟ် ဖြစ်ပါသည်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ အမြင် သည် လည်း ဤ အတိုင်း ဖြစ်ပါတယ်။ အကယ်၍ ဓာတ်ပုံများ အပေါ် အဝတ်စ တစ်ခုခု အုပ်ထားမည်ဆိုလည်း နမာဇ် ဝတ်ပြုခြင်း သည် မကရူးဟ် မဖြစ်တော့ချေ။
မှတ်ချက် ။ ။ အဖြေသည်ရှင်းလင်းနေပါတယ်။ သက်ရှိ သတ္တဝါများ ပုံပါသည့် ဓာတ်ပုံများချိတ်ဆွဲထားသည့် အခန်းတွင် နမာဇ် ဝတ်ပြုခြင်းသည် မကရူးဟ် ဖြစ်ပါတယ်။ထိုသက်ရှိ သတ္တဝါများပါသည့် ဓာတ်ပုံများသည် အခန်း အတွင်း အရှေ့၊ အနောက် ၊တောင် နှင့် မြောက် တွင်ချိတ်ဆွဲထားသည်ဖြစ်ပါစေ ထိုအခန်း တွင် နမာဇ် ဝတ်ပြုခြင်း သည် မကရူးဟ် ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ဂိုနာဟ်တော့ မထိုက်ချေ။ ရှောင်လျင် ဆဝါးဗ် ပို၍ ရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် မိမိ နမာဇ် ဝတ်ပြုမည့် အခန်း ကို သီးသန့် ထားပြီး သက်ရှိသတ္တဝါများ (လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ) ၏ ဓာတ်ပုံများ မချိတ်ဆွဲပဲ ထားသင့်ပါတယ်။ အကယ်၍ အိမ်ခန်း ကျည်း၍ သက်ရှိ ဓာတ်ပုံများ ပါသည့် ဓာတ်ပုံများ ချိတ်ဆွဲထားလျင်လည်း ထိုဓာတ်ပုံများ အပေါ် အဝတ်စများဖြင့် နမာဇ် ဝတ်ပြုချိန် အုပ်ထားသင့်ပါတယ်။ H.I ဆယက်ဒ်အလီ အဖ်ဇွလ်ဇိုက်ဒီ ကွမ်းမီ ၏ အဆို အရ အခန်း တွင် တီဗီ ဖွင့်ထားအခန်း တွင် နမာဇ် ဝတ်ပြုခြင်းသည်လည်း မကရူးဟ် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် နမာဇ် ဝတ်ပြုချိန် ဆဝါးဗ် အပြည့် ရရန် တီဗီ ပိတ်ထားသင့်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment