၁၇ ဒီဇင်ဘာ ၂၀၂၅ - ၀၉:၃၀
အေမာမ် ဇမာန်း (အ.ဂျ) ၏ ကြေကွဲ နေသည့် နှလုံးသား  / အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ

အေမာမ်ဇမာန်း (အ.ဂျ) ၏ ကြေကွဲနေသည့် နှလုံးသား နှင့် ပတ်သက်၍ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ) ၏ မိန့်ကြားချက်ကို တင်ပြမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ) နှင့်ပတ်သက်ပြီး တင်ပြချက် လာရှိပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ)  မှ ပြောပါသည်မှာ တစ်ချိန်တစ်ခါ မိမိ ၏  အဘွားတော် ဖြစ်သူ မဇ်လူးမ်မဟ် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကို  အိပ်မက်တွင် မက်လေ၏။ သခင် မကြီး မှ ကျနော် အား အိပ်မက် အတွင်း ပါရှန်း (ဖွာရစီ) ကဗျာ သုံးပုဒ် ကို ရွတ်ဆိုပြခဲ့ပါတယ်။ ကျနော် အိပ်မက် က နိုးလာချိန် ကဗျာ သုံးပုဒ် မှ တစ် ပုဒ် ကိုသာ မှတ်မိတော့ပါတယ်။

 ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ)   မှတ်မိသည့်  ပါရှန်း (ဖွာရစီ) ကဗျာ တစ်ပုဒ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

* دلی شکسته تر از من در آن زمانه نبود در این زمان دل فرزند من شکسته تر است*

ဘာသာပြန်

« ထို (အတိတ်) အချိန်ကာလတွင် ကျွန်ုပ်၏နှလုံးသားထက် မည်သူမျှ ပိုမိုကြေကွဲခဲ့ရခြင်းမရှိပါ။ ဤအချိန်တွင် ကျွန်ုပ်၏သားတော် ၊ ခေတ်ကာလ ၏ အေမာမ် (အ.စ)  ၏ နှလုံးသား သည် ကျွန်ုပ်၏နှလုံးသားထက် ပိုမို ကြေကွဲခဲ့ ရပါသည်။   »

မှီငြမ်း  -

(၁) အေနာယာသ်သေ ဟဇရသ် မဲဟ်ဒီ (အ.ဂျ) ဗေ အိုလမာ ဝ သွန်လာဗ် စာမျက်နှာ ၁၇၅

(၂) ဒေဖါဂ်ဂေ မတ်က်သတ်က်ဗ်ဗေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖေ့စ်ဘုတ်စာမျက်နှာ

အလ္လာဟ်ဟို အက္က်ဘဲရ် ...  အေမာမ် ဇမာန်း (အ.ဂျ) ၏ နှလုံးသား သည် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏နှလုံးသားထက် ပိုမို ကြေကွဲနေရသည့် အကြောင်းရင်းများ မှ အချို့ အချက်များ မှာ မိမိကိုယ်ကို  ရှီအဟ် ဟု ညာသံပေးနေပြီး အေမာမ် ဇမာန်း (အ.ဂျ) ကို စိတ်ထိခိုက်စေသည့် ၊ မနှစ်မြို့စေသည့် လုပ်ရပ်များ ကို လုပ်နေကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိထားသင့်ပါတယ်။

اللھم صل علی محمد وآل محمد وعجل فرجھم .

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha