အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ) နှင့်ပတ်သက်ပြီး တင်ပြချက် လာရှိပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ) မှ ပြောပါသည်မှာ တစ်ချိန်တစ်ခါ မိမိ ၏ အဘွားတော် ဖြစ်သူ မဇ်လူးမ်မဟ် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကို အိပ်မက်တွင် မက်လေ၏။ သခင် မကြီး မှ ကျနော် အား အိပ်မက် အတွင်း ပါရှန်း (ဖွာရစီ) ကဗျာ သုံးပုဒ် ကို ရွတ်ဆိုပြခဲ့ပါတယ်။ ကျနော် အိပ်မက် က နိုးလာချိန် ကဗျာ သုံးပုဒ် မှ တစ် ပုဒ် ကိုသာ မှတ်မိတော့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဂျဟာနီ (ရ.ဟ) မှတ်မိသည့် ပါရှန်း (ဖွာရစီ) ကဗျာ တစ်ပုဒ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
* دلی شکسته تر از من در آن زمانه نبود در این زمان دل فرزند من شکسته تر است*
ဘာသာပြန်
« ထို (အတိတ်) အချိန်ကာလတွင် ကျွန်ုပ်၏နှလုံးသားထက် မည်သူမျှ ပိုမိုကြေကွဲခဲ့ရခြင်းမရှိပါ။ ဤအချိန်တွင် ကျွန်ုပ်၏သားတော် ၊ ခေတ်ကာလ ၏ အေမာမ် (အ.စ) ၏ နှလုံးသား သည် ကျွန်ုပ်၏နှလုံးသားထက် ပိုမို ကြေကွဲခဲ့ ရပါသည်။ »
မှီငြမ်း -
(၁) အေနာယာသ်သေ ဟဇရသ် မဲဟ်ဒီ (အ.ဂျ) ဗေ အိုလမာ ဝ သွန်လာဗ် စာမျက်နှာ ၁၇၅
(၂) ဒေဖါဂ်ဂေ မတ်က်သတ်က်ဗ်ဗေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖေ့စ်ဘုတ်စာမျက်နှာ
အလ္လာဟ်ဟို အက္က်ဘဲရ် ... အေမာမ် ဇမာန်း (အ.ဂျ) ၏ နှလုံးသား သည် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏နှလုံးသားထက် ပိုမို ကြေကွဲနေရသည့် အကြောင်းရင်းများ မှ အချို့ အချက်များ မှာ မိမိကိုယ်ကို ရှီအဟ် ဟု ညာသံပေးနေပြီး အေမာမ် ဇမာန်း (အ.ဂျ) ကို စိတ်ထိခိုက်စေသည့် ၊ မနှစ်မြို့စေသည့် လုပ်ရပ်များ ကို လုပ်နေကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိထားသင့်ပါတယ်။
اللھم صل علی محمد وآل محمد وعجل فرجھم .
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment