၂၉ ဇန်နဝါရီ ၂၀၂၆ - ၂၁:၀၃
အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှု ၏ နောက်ဆုံးအခြေအနေ

IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာ မှ တင်ပြထားသည့် အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှု ၏ နောက်ဆုံးအခြေအနေ ကို အနှစ်ချုပ် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRAN Uurdu သတင်းစာမျက်နှာ ၏ အစီရင်ခံစာ မှ တင်ပြထားသည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  နှင့် အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှု ၏ နောက်ဆုံးအခြေအနေ ကို အနှစ်ချုပ် အဖြစ် အောက်ပါ အတိုင်း တင်ပြလိုက်ပါတယ်။

၁။   အမေရိကန် ၏ နှုတ်ဖြင့်ခြိမ်းခြောက်မှုများ တိုးလာ

၂။ ယခုတစ်ကြိမ်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အတူတကွ တိုက်ခိုက်လိမ့်မည်ဟု အီရန်က ယုံကြည်

၃။ အမေရိကန်ပြည်ထောင်စုသည် သံတမန်ရေးအတွက် မည်သည့်ကြိုးပမ်းမှုမျှ မပြုလုပ်ဘဲ ဤကိစ္စနှင့် ပတ်သက် ၍ မီဒီယာများ၏ ဖော်ပြချက်များသည် လိမ်ညာမှုများသာ ဖြစ်

၄။ ရန်သူအမေရိကန် စတိုက်ခိုက်လာသည့် အချိန်တွင် အီရန်သည် အစ္စရေး ၏ မြို့တော် တဲလ်အဗစ်မြို့ ပေါ်သို့ ဒုံးကျည်များ ပစ်ချရန် စီစဉ်ထား

အဗ်နာ သတင်းဌာန ၏ သုံးသပ်ချက်အရ အီရန် ၏ အနီရောင်မျဉ်း ၃ ခု  ရှိ၏။ ထို အနီရောင်မျဉ်း ၃ ကို ထိခိုက်လာ လျင် အီရန်သည် လုံးဝ အလွတ်ပေးမည်မဟုတ်ချေ။

အနီရောင်မျဉ်း ၁

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အသက် ကို ထိခိုက်လာလျင် အလွတ်ပေးမည်မဟုတ်။

အနီရောင်မျဉ်း ၂

အမေရိကန် ဖြစ်စေ အစ္စရေး ဖြစ်စေ အီရန်ကို တိုက်ခိုက်လာချိန် မြေပြင်၊လေပြင် စသည်ဖြင့် ကူညီသည့် မည်သည့် နိုင်ငံကို မဆို ပြန်တိုက်မည်၊။

အနီရောင်မျဉ်း ၃

အီရန်မြေ နှင့် အီရန်ရေနံလောင် ထားသည့်နေရာများ ကို ထိပါးလာလျင်၊ တိုက်ခိုက်လာလျင် အလွတ်ပေး မည် မဟုတ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha