၂၉ ဇန်နဝါရီ ၂၀၂၆ - ၂၁:၀၅
မဟာဗျူဟာမြောက် ဒရုန်း  အစင်း ၁၀၀၀ ကို အီရန် တပ်မတော် စစ်ဆင်ရေးဖွဲ့စည်းမှုထဲသို့ ပေါင်းထည့်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော် ၏ အမြင့်ဆုံးတပ်မှူးချုပ်၏ အမိန့်အရ မဟာဗျူဟာမြောက် ဒရုန်း အစင်း ၁၀၀၀ ကို အီရန် တပ်မတော်၏ တပ်ဖွဲ့ လေးခု ၏ စစ်ဆင်ရေးဖွဲ့စည်းမှုထဲသို့ ပေါင်းထည့် လိုက် ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော် ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  အမီးရ် ဟာသေမီ ၏ အမိန့်အရ မဟာဗျူဟာမြောက် ဒရုန်းလေယာဉ် အစင်းတစ်ထောင်သည် တပ်မတော်လေးဖွဲ့၏ တိုက်ခိုက်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ဤဒရုန်းများကို အစ္စရေး နှင့် ၁၂ ရက်ကြာစစ်ပွဲမှ အတွေ့အကြုံများ ခြိမ်းခြောက်မှုအသစ်များနှင့် အညီ တပ်မ တော် ကျွမ်းကျင်သူများ က ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပင်လယ်၊ ဝေဟင်နှင့် မြေပြင်ပေါ်ရှိ တည်ငြိမ်ပြီး ရွေ့လျားနိုင်သော ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဖျက်ဆီး ရေး၊ ထိုးစစ် ဆင်ရေး၊ ထောက်လှမ်းရေးနှင့် အီလက်ထရွန်းနစ်စစ်ပွဲအမျိုးမျိုးတွင် တည်ဆောက် ထားခြင်း ဖြစ်ပါ တယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အမီးရ် ဟာသေမီ က မြေပြင် အခြေစိုက် နှင့် ပင်လယ်အခြေစိုက် ဒရုန်းများ ထပ်မံတပ်ဆင်ရန် အမိန့်ပေးပြီးနောက်  ရှေ့တွင် ကြုံတွေ့ရမည့် ခြိမ်းခြောက်မှု များနှင့် အညီ လျင်မြန်သောတိုက်ပွဲ နှင့် မည်သည့်ကျူးကျော်မှုနှင့် ရန်လိုသူအပေါ်မဆို ချေမှုန်းတုံ့ ပြန်ရန်အတွက် မဟာဗျူဟာမြောက် အားသာချက်များကို ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်းသည် တပ်မတော်၏ အစီအစဉ်တွင် အမြဲပါဝင်နေသည် ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha