၁ ဖေဖော်ဝါရီ ၂၀၂၆ - ၁၀:၂၄
အီရန်ကို တိုက်ခိုက်ရန် အမေရိကန်၏ မည်သည့် လုပ်ရပ်များကို မဆို ဆန့်ကျင်ကြောင်း ဗြိတိန်ပြည်သူများ မှ ဆန္ဒပြ

အီရန်ကို တိုက်ခိုက်ရန် အမေရိကန်၏ မည်သည့် စစ်ရေး သို့မဟုတ် နိုင်ငံရေး လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင် ကြောင်း ဖော်ပြရန် လန်ဒန်မြို့ရှိ ပြည်သူအများအပြားက အကြီးစား ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် နှစ်သစ်ကာလအတွင်း ပလက်စတိုင်ကို ထောက်ခံသော ပထမဆုံး အကြီးစား ပြည်သူ့ဆန္ဒပြပွဲကို ယနေ့ စနေနေ့၊ ဇန်နဝါရီ ၃၁ ရက်တွင် လန်ဒန်မြို့၌ လူထောင်ပေါင်း များစွာ ပါဝင်ကာ ကျင်းပခဲ့ပါတယ်။

ဤချီတက်ဆန္ဒပြပွဲသည် ၂၀၂၆ ခုနှစ်အတွက် ပလက်စတိုင်ထောက်ခံသည့် ပထမဆုံး အမျိုးသားအဆင့် ဆန္ဒပြပွဲဖြစ်ပြီး « လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ပါ » ၊ «ဂါဇာကို လက်မထိပါနဲ့» ၊ «အစ္စရေးအား လက်နက် ပေးမှု ရပ်တန့်ပါ» ဟူသော ကြွေးကြော်သံများဖြင့် ဗြိတိန်မြို့တော်၏ အလယ်ပိုင်း လမ်းများကို ပြည်သူ့ ဆန္ဒပြသံများဖြင့် ပြည့်နှက်စေခဲ့ကြောင်း သိရှိရပါတယ်။

ဆန္ဒပြသူများမှ ပါလက်စတိုင်းမှ အီရန်  အထိ အမေရိကန်၏ စစ်ယန္တရားကို ရပ်တန့်ပါ ဆိုပြီး ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။

ဤကဲ့သို့သော် သတင်းမှန်များကို ဘက်လိုက် မီဒီယာ များ မှ မတင်ပြသည့် အတွက်  ဘက်မလိုက်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ဘက်မှ သတင်းမှန်များကို ဖြန့်ဝေခြင်း share ပေးခြင်း ဖြင့် အမှန်တရားအတွက် ကူညီမှုများ ကို ပြုလုပ်သင့်ကြောင်း တင်ပြအပ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha