အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی الله علیه وآله وسلم :
صِلُوا أرحامَكُم ولو بِالسَّلامِ.
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ ညီအစ်မ၊ သားသမီး၊ ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) ပြုလုပ်ပါလေ။ ယုတ်စွ စလာမ်ပေးခြင်း လောက်နှင့်လည်းပြုလုပ်ပါလေ။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၅၇
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ဆေလဟ်ရဟ်မ် (မိဘ၊ညီအစ်ကို၊ ညီအစ်မ၊ သားသမီး၊ ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း) အရေးကြီးမှုကို သိရှိရမှာ ဖြစ်ပါတယ်။ ဤအတွက် ကြောင့် မိမိတို့၏ မိဘ၊ညီအစ်ကို၊ ညီအစ်မ၊ သားသမီး၊ ဆွေမျိုးသားချင်းများကိုကြည့်ခြင်း၊ကူညီခြင်း မပြုနိုင်လျင်တောင် အနည်း ဆုံးစလာမ်ပေးခြင်း ကျန်းမာရေး မေးခြင်း တို့ကိုပြုသင့်ပါတယ်။
****************************************************************
END / 251
Your Comment