အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
: قال الامام المهدي عليه السلام
إنّا يُحيطُ عِلمُنا بأنبائِكُم ولا يعَزُبُ عَنّا شَىءٌ مِن أخبارِكُم .
အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဧကန်မုချ ကျွန်ုပ်တို့သည် သင်တို့ ၏ သတင်းအားလုံးကို သိရှိပြီး သင်တို့ ၏အကြောင်း မည်သည့်အရာမျှ ကျွန်ုပ်တို့ ထံမှ ဖုံးကွယ်ထားခြင်း မရှိချေ။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၅၃ ၊ စာမျက်နှာ ၁၇၅
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ကျနော်တို့ အားလုံး၏ လုပ်ရပ်များကို အေမာမ် ဇမာန်း (အ.ဂျ) သိရှိနေကြောင်း ဖြစ်ပါတယ်။ အကြောင်း မှာ အလ္လာဟ် ဟို အရှင်မြတ် မှ အေမာမ် အား ဤပညာရပ်ကို ချီးမြှင့်ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ကျနော်တို့ အနေဖြင့် ဘာလုပ်လုပ် ။ ကျနော်တို့၏ လုပ်ရပ်အား အေမာမ် သိနေကြောင်း ၊ အလ္လာဟ် ဟို အရှင်မြတ် သခင် ကြည့်နေကြောင်း နှလုံးသွင်းပြီး အမြဲသတိရှိနေရမည် ဖြစ် ပါတယ်။ ဤအသိဝင်နေလျင် ကျနော်တို့သည် ဂိုနာဟ် ကြီး၊ငယ်ကို ပိုမို၍ လွယ်ကူ စွာ ရှောင်ကြဥ် နိုင်မည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment