၁၇ ဖေဖော်ဝါရီ ၂၀၂၆ - ၁၉:၁၅
၂၀၂၅ ခုနှစ်တွင် အာဖဂန်လူမျိုး သန်းကျော် ၂၀ သည် UNICEF ဝန်ဆောင်မှုများ  မှ အကျိုးခံစားခွင့်ရရှိ

ယူနီဆက်ဖ် (UNICEF) က ၂၀၂၅ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံသား သန်း ၂၀ ကျော်အား လူသားချင်း စာနာ ထောက် ထားမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဤအကူအညီတွင် ကလေး သန်းပေါင်းများစွာ နှင့် မိသားစုများအတွက် ကျန်းမာရေး၊ ပညာရေး၊ အာဟာရနှင့် သောက်သုံးရေဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) သည် ၂၀၂၅ ခုနှစ်ကုန်တွင် ထုတ်ပြန်ခဲ့သော လူသားချင်း စာနာထောက်ထား မှုအခြေအနေအစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်တစ်ဝှမ်းရှိ လူသားချင်း စာနာ ထောက်ထားမှုအစီအစဉ်များမှတစ်ဆင့် ကလေး ၁၁၀၄၃၈၁၈ ဦး အပါအဝင် လူပေါင်း ၂၀၈၃၇၃၉၄ ဦးကို ဝန်ဆောင်မှုပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ယူနီဆက်ဖ်၏ တရားဝင်ဝက်ဘ်ဆိုက်အရ ဤအကူအညီတွင် လူဦးရေ သန်း ၂၀ ကျော်အတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်ခြင်း၊ ကျောင်းပြင်ပရောက် ကလေး ၄၄၂၀၀၀ (မိန်းကလေး ၆၅ ရာခိုင်နှုန်း) အတွက် စာသင်ခန်း ၁၄၀၀၀ မှတစ်ဆင့် ပညာရေးအခွင့်အလမ်းများ ၊ လူဦးရေ ၂.၁ သန်းကျော်အတွက် ဘေးကင်းသော သောက်သုံးရေ ပံ့ပိုးပေးခြင်း၊ အာဟာရချို့တဲ့နေသော ကလေး ၆၁၁၈၉၇ ဦး အတွက် အသက်ကယ်ကုသမှု ၊ အာဟာရချို့တဲ့နေသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၉၄၃၅၆၇ ဦးအတွက် အာဟာရ ထောက်ပံ့မှုနှင့် လူထုအခြေပြုနှင့် မီဒီယာအခြေပြု လုပ်ဆောင်မှုများမှတစ်ဆင့် ကလေးနှင့် ပြုစု စောင့်ရှောက်သူ ၂.၂ သန်းကျော်အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပါဝင်ကြောင်း သိရပါတယ်။

ယူနီဆက်ဖ်က အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာခြင်း၊ ပြည်နယ် ၁၂ ခုတွင် မိုးခေါင်ရေရှားမှုနှင့် အီရန်နှင့် ပါကစ္စတန်မှ ဒုက္ခသည်များ အများအပြား ပြန်လည် ဝင်ရောက် လာ ခြင်းတို့ကြောင့် အခြေခံဝန်ဆောင်မှုများအပေါ် ဖိအားများ ပိုမိုများပြားလာကြောင်း အလေး ပေးပြော ကြားခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွက် နိုင်ငံတကာပံ့ပိုးမှု ဆက်လက်လိုအပ်ကြောင်း (ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၁.၉ သန်း အကူအညီလိုအပ်နေသည်) အစီရင်ခံစာက အလေးပေးဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha