အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ထရမ့်သည် ကျွန်ုပ်တို့၏ တပ်မတော်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး တပ်မတော်ဖြစ်သည်ဟု အမြဲပြောဆိုနေကြောင်း အမေရိကန်ပြည်ထောင်စုကို သတိပေး မိန့်ကြားခဲ့ပါတယ်။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး တပ်မတော်တောင်မှ တစ်ခါတစ်ရံမှာ ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေကို ခံစားရနိုင်ကြောင်း အီရန်ကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ ထရမ့်က အထပ်ထပ်ပြော ကြောင်း စစ်သင်္ဘောတစ်စင်းဟာ အန္တရာယ်များပေမယ့် ဒီသင်္ဘောကို ပင်လယ် ကြမ်းပြင် အောက် တွန်းပို့နိုင်တဲ့ လက်နက်ကတော့ ပိုအန္တရာယ်များကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် သဗ်ရေဇ် မြို့ လူထုရဲ့ သမိုင်းဝင် တော်လှန်ရေးရပ် တည်မှု အထိမ်းအမှတ်အဖြစ် အရှေ့ အာဇာဘိုင်ဂျန် ပြည်နယ် လူထုကို မိန့်ခွန်းပြောကြားရာတွင် အမေရိကန် သမ္မတ က မကြာသေးမီက ပြောကြားချက်တစ်ခုမှာ « လွန်ခဲ့တဲ့ ၄၇ နှစ်လုံးလုံး အမေရိကန်နိုင်ငံက အီရန်နိုင်ငံ ၏ အစ္စလာမ် သမ္မတစနစ်ကို ဖျက်သိမ်းဖို့ မအောင်မြင်ခဲ့ပါဘူး » လို့ ပြောခဲ့ပြီး ဒီစကားကို သူ့နိုင်ငံသားတွေရှေ့မှာ တိုင်ကြား သလို ပြောခဲ့ကြောင်း ၄၇ နှစ်အတွင်း အမေရိကန်သည် အီရန် အစ္စလာမ်တော်လှန်ရေးကို ဖျက်သိမ်း နိုင်ခြင်း မရှိခဲ့ကြောင်းထရမ့်၏ ဝန်ခံချက်မှာ ကောင်းမွန်သော ဝန်ခံချက်တစ်ခုဖြစ် ကြောင်း ထရမ့် အနေဖြင့် လည်း ဤသို့လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များတွင် အသက်များစွာ ဆုံးရှုံးခဲ့ရကြောင်း ၎င်းတို့ကို အုပ်စုသုံးစု ခွဲခြား နိုင် ကြောင်း ပထမအုပ်စုမှာ ရဲ၊ ဗစီးဂျ် ၊ တပ်မတော်ဝန်ထမ်းများနှင့် ၎င်းတို့နှင့်အတူ လိုက်ပါလာသူများ အပါ အဝင် နိုင်ငံလုံခြုံရေး နှင့် စနစ်လုံခြုံရေးအတွက် လုပ်ဆောင်နေသူများဖြစ်ကြောင်း ၎င်းတို့အားလုံးသည် မိမိတို့ ၏ တာဝန်ကို ထမ်းဆောင်ရင်း အသက်စွန့်ခဲ့ကြသည့် အကောင်းဆုံး အာဇာနည်များ ဖြစ်ကြောင်း ဒုတိယ အုပ်စုမှာ ရန်သူ၏ ပူးပေါင်းကြံစည်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် သာမန်ပြည်သူများဖြစ်ကြောင်း ၎င်းတို့ သည် ဆူပူသောင်းကြမ်း သူများနှင့် ဘာမှမဆိုင်ကြောင်း ၎င်းတို့သည်လည်း အာဇာနည်များဖြစ်ကြောင်း တတိယအုပ်စုကတော့ လှည့်စားမှု ဒါမှမဟုတ် အတွေ့အကြုံမရှိခြင်းကနေတစ်ဆင့် အဓိကရုဏ်းသမားတွေနဲ့ ပူးပေါင်းခဲ့ သူများ ဖြစ်ကြောင်း ဒီလူများသည် လည်း ကျွန်တော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နောက်ပိုင်း မှာ အတော်များများ က နောင်တရပြီး ခွင့်လွှတ်မှုကို ရှာဖွေခဲ့ကြကြောင်း သေဆုံးသွားသူများ မှ တချို့ကို လည်း အာဇာနည်များ အဖြစ် သတ်မှတ် နိုင်ကြောင်း ရန်သူဆီက အကူအညီတောင်းခံသူတွေ၊ လက်နက်များ သို့မဟုတ် ငွေကြေးများ ရရှိသူများ သို့မဟုတ် ပုန်ကန်မှု၏ ခေါင်းဆောင်များ သာ ဒီစက်ဝိုင်း (အာဇာနည် များ ) ထဲမှာ မပါဝင်ကြောင်း ကျန်သူများအားလုံး၊ လုံခြုံရေးဝန်ထမ်းများ၊ လမ်းသွားလမ်းလာများ သို့မဟုတ် ပုန်ကန်မှုတွင် ခဏတာပါဝင်သူများအားလုံးသည် ကျွန်ုပ်တို့၏ သားသမီးများဖြစ်ကြောင်း မိမိ အနေဖြင့် အလ္လာဟ်အရှင်မြတ် သည် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပြီး ကရုဏာတော် ပြုပေးတော်မူရန် ၎င်းတို့ အတွက် ဒိုအာ ပြု ကြောင်း မိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment