အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna သတင်းဌာန နှင့် အယ်လ်ဂျာဇီးရားသတင်းဌာန တို့ ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ရမ်ဒွါန် လမြတ် (ဟီဂျရီ သက္ကရာဇ် ၁၄၄၇ ခုနှစ် ) ရောက်ရှိလာချိန်တွင် မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီနှောင်းပိုင်း နှင့် နွေဦးရာသီ အစောပိုင်းတွင် ကျရောက်မည်ဖြစ်သောကြောင့် ယခင်နှစ်များထက် ဥပုသ်စောင့်ချိန်များသည် သိသိသာသာ တိုတောင်းလာမည်ဖြစ်ပြီး ယခင်နှစ်များတွင် ရမ်ဒွါန်လမြတ် သည် နွေရာသီ၏ အထွတ်အထိပ်တွင် ကျရောက်ခဲ့ ပါတယ်။
ရိုဇဟ် (ခ) ဥပုသ်စောင့်ချိန်များသည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ပထဝီဝင်တည်နေရာနှင့် လတ္တီတွဒ်ပေါ် မူတည်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီသောနိုင်ငံအတွင်း မြို့တစ်မြို့မှတစ်မြို့သို့ပင် ကွဲပြားပါတယ်။
မြောက်ဘက်သို့ရွေ့လျားသွားသည်နှင့်အမျှ နေ့များသည် ပိုရှည်လာပြီး အီကွေတာ သို့မဟုတ် တောင်ဘက်ခြမ်းသို့ ရွေ့လျားသွားသည် နှင့်အမျှ နေ့များသည် ပိုတိုလာပါတယ်။
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အတိုဆုံး ဥပုသ်စောင့်ချိန်များ
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဥပုသ်စောင့်ထိန်းမှုကာလများကို ကမ္ဘာ့မြောက်ဘက်အကျဆုံးဒေသများတွင် မှတ်တမ်းတင်ထားပြီး အထူးသဖြင့် အာတိတ်စက်ဝိုင်းအနီးရှိ နိုင်ငံများနှင့် ဒေသများတွင် ဖြစ်ပါတယ်။
ဤဒေသများတွင် ဂရင်းလန်း (နော့ခ်) ၊ အိုက်စလန်နှင့် မြောက်ပိုင်းနော်ဝေးတို့ ပါဝင်ပါတယ်။ ဤဒေသများတွင် ဥပုသ် စောင့်ထိန်းချိန်သည် ၁၆ နာရီထက် ကျော်လွန်နိုင်ပြီး နေ့တာရှည်သော ဒေသများအတွက် ဥပုသ် စောင့်ထိန်း ချိန် ကို ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ အစ္စလာမ်ဥပဒေပညာတွင် မေးခွန်းအသစ်များ ပေါ်ပေါက် လာစေ ပါတယ်။
ဆန့်ကျင်ဘက် အနေနဲ့ ၊ အတိုဆုံး ဥပုသ်စောင့်ချိန်တွေကို တောင်ဘက်ခြမ်းက နိုင်ငံတွေမှာ တွေ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်နှစ်တာရဲ့ ဒီအပိုင်းမှာ နေ့အလင်းရောင်က တိုတောင်းလို့ဖြစ်ပါတယ်။
ဤနိုင်ငံများတွင် ချီလီ၊ အာဂျင်တီးနား၊ နယူးဇီလန်နှင့် တောင်အာဖရိကတို့ ပါဝင်ပါတယ်။ ဤနိုင်ငံများတွင် ဥပုသ် စောင့်ချိန် သည် ၁၁ နာရီမှ ၁၂ နာရီခန့်ဖြစ်ပါတယ်။
အာရပ်နိုင်ငံများတွင် ဥပုသ်စောင့်ချိန်များ
အာရပ်ကမ္ဘာတွင် အတိုဆုံး ဥပုသ်စောင့်ချိန်များမှာ အောက်ပါမြို့များတွင် ဖြစ်သည်-
(၁) မိုရိုနီ (ကိုမိုရို့စ်) - ၁၂ နာရီ ၄၅ မိနစ်ခန့်
(၂) မိုဂါဒစ်ရှူး (ဆိုမာလီယာ) - ၁၂ နာရီ ၅၅ မိနစ်ခန့်
(၃) ဂျီဘူတီ (ဂျီဘူတီ) - ၁၃ နာရီ ၅ မိနစ်ခန့်
အာရပ်ကမ္ဘာတွင် အရှည်ကြာဆုံး ဥပုသ်စောင့်ချိန်များ
မြောက်အာဖရိက၏ မြို့တော်များသည် အာရပ်ကမ္ဘာတွင် အရှည်ကြာဆုံး ဥပုသ်စောင့်ချိန်များကို မှတ်တမ်း တင်ထား ပါတယ် ။
(၁) အယ်လ်ဂျီးရီးယား - ၁၃ နာရီ ၅၀ မိနစ်ခန့်
(၂) တူနီးရှား - ၁၃ နာရီ ၅၂ မိနစ်ခန့်
(၃) ရာဘတ် - ၁၃ နာရီ ၅၅ မိနစ်ခန့်
အာရပ်ကမ္ဘာပြင်ပရှိ အစ္စလာမ်မစ်မြို့တော်များတွင် ဥပုသ်စောင့်ချိန်များ
(၁) အရှည်ကြာဆုံး ဥပုသ်စောင့်ချိန်များ-
(၂) အက်စတာနာ (ကာဇက်စတန်) - ၁၅ နာရီ ၃၀ မိနစ်ခန့်
(၃) ဆာရာယေဗို (ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား) - ၁၄ နာရီ ၅၀ မိနစ်ခန့်
(၄) အန်ကာရာ (တူရကီ) - ၁၄ နာရီ ၄၀ မိနစ်ခန့်
အလယ်အလတ် ဥပုသ်စောင့်ချိန်များ
(၁) အစ္စလာမ်မာဘတ် (ပါကစ္စတန်) - ၁၄ နာရီခန့် ၅ မိနစ်
(၂) တီဟီရန် (အီရန်): ၁၄ နာရီ ၂၀ မိနစ်ခန့်
(၃) ဒါကာ (ဘင်္ဂလားဒေ့ရှ်): ၁၃ နာရီ ၄၅ မိနစ်ခန့်
အစ္စလာမ်နိုင်ငံများတွင် အတိုဆုံး ဥပုသ်စောင့်ချိန်များ
အီကွေတာအနီးတွင်တည်ရှိသော မြို့များသည် တစ်နှစ်ပတ်လုံး ဥပုသ်စောင့်ချိန်များ ယေဘုယျအားဖြင့် အတူတူပင်ဖြစ်ပါတယ်။
(၁) ဂျကာတာ (အင်ဒိုနီးရှား) : ၁၃ နာရီ ၅ မိနစ်ခန့်
(၂) ကွာလာလမ်ပူ (မလေးရှား) : ၁၃ နာရီ ၁၀ မိနစ်ခန့်
(၃) ကမ်ပါလာ (ယူဂန်ဒါ) : ၁၃ နာရီခန့်
(၄) နိုင်ရိုဘီ (ကင်ညာ) : ၁၃ နာရီခန့်
ရိုဇဟ် (ခ) ဥပုသ် စောင့်ထိန်းသူတိုင်း ၏ ရိုဇဟ် ကို မြတ်အလ္လာဟ် သဘောတူလက်ခံတော်မူပါစေ။ မထားနိုင် သူများ ကို ထားနိုင်စွမ်း အပြည့် အဝ ပေးသနားတော်မူပါစေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment