၁ ဇန်နဝါရီ ၂၀၂၆ - ၂၀:၅၁
တစ်စုံတစ်ယောက်၏ မကောင်းမှုကို ကောင်းသည်ဟု ခေါ်ဆိုခြင်း၏ အကျိုးဆက်

အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် တစ်စုံတစ်ယောက်၏ မကောင်းမှုကို ကောင်းသည်ဟု ခေါ်ဆိုခြင်း၏ အကျိုးဆက် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الجواد علیه السلام:

مَنِ استَحسَنَ قَبيحا كانَ شَريكا فيهِ.

အေမာမ် ဂျဝါဒ်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင်မည်သူမဆို မကောင်းမှုတစ်ခုကို ကောင်းမှုဟု ယူဆပါက၊ထင်မှတ်ပါက ထိုလုပ်ရပ်တွင် မိတ်ဖက်တစ်ဦး ၊ပါဝင် သူ အဖြစ်လည်း သတ်မှတ်ခံရမည် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ကက်ရှ်ဖိုလ်ဂါမဟ် ကျမ်း  ၊ အတွဲ ၂  ၊ စာမျက်နှာ  ၃၄၉

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ထင်ရှားစွာ သိမြင်ရမည့် အချက်မှာ မကောင်းမှုတစ်ခုကို ကောင်းမှုဟု ကျနော်တို့ ထင်မှတ်မည် ၊ယူဆမည် ဆိုလျင် ထို လုပ်ရပ် တွင် ပါဝင်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည့်အချက်ဖြစ်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်တွင် အကြောင်းအမျိုးမျိုးကြောင့် ၊ ငွေကြေးကြောင့် စသည်ဖြင့် မကောင်းမှုတစ်ခုကို ကောင်းမှုဟုထင်နေသူများ၊ ၊ အားပေးနေသူများ ကို အလွန် ဝမ်းနည်းစွာ တွေ့ရှိနေရမည် ဖြစ်ပါတယ်။ထိုသူများသည်လည်း မကောင်းမှုပြု သူများပမာ ဖြစ်နေသည့်ဆိုသည့် အေမာမ် ဂျဝါဒ် (အ.စ) ၏ သွန်သင် သတိပေး ဆုံမချက်ကို မေ့နေရှာပါတယ်။  အေမာမ် ဂျဝါဒ် (အ.စ) နောက်လိုက် တိုင်း ၊အေမာမ် (အ.စ) ကို အချစ်ထားသူတိုင်း မကောင်းမှုတစ်ခုကို ကောင်းမှု ဟု ယူဆသူ၊ထင်မှတ်သူ စာရင်းတွင် မပါဝင် အထူး သတိပြု ရှောင်ကြဥ် ရမည်ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha