အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ သည် ဟဇရသ်အလီ ဘင်န် အဘီသွာလစ်ဗ် (အ.စ) တပ်ဖွဲ့၏ ကွပ်ကဲရေးမှူး ဗိုလ်ချုပ် ဂျမီးရီ နှင့် တွေ့ဆုံစဉ် လက်နက် ကိုင်တပ်ဖွဲ့များ၏ သတိရှိမှုနှင့် ပယောဂနှင့် မငြိမ်မသက်မှုများကို ပျက်ပြားအောင် ကြိုးပမ်းအား ထုတ်မှုများကို ချီးကျူးခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များသည် ကြီးမားသော စွန့်လွှတ်မှုများနှင့် အလွန်သတိရှိစွာဖြင့် နိုင်ငံအတွင်းရှိ ဆူပူ အကြမ်းဖက် သူများနှင့် ပြဿနာဖန်တီးနေသူများ ၏ မကောင်းသော ကြိုးပမ်းမှုများ ကို အောင်မြင်စေမည် မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ကြီး ကယနေ့ ရန်သူသည် လွှမ်းမိုးချုပ်ကိုင်သူပဲဖြစ်စေ၊ မယုံကြည်သူများ၏ ရှေ့တန်း ပဲဖြစ်စေ၊ အားလုံး ပူးပေါင်းပြီး အီရန်၏ တိုးတက်မှုကို ကြောက်ရွံ့နေကြကြောင်း ထို့ကြောင့် အီရန်ကို ပြိုကွဲ ရန်နှင့် အပိုင်းပိုင်း ခွဲရန် ကြိုးပမ်းနေကြသည် ကြောင်း ဆက်လက်မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ က အပြန်အလှန် သဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှု၏ အရေးပါပုံကို အလေးထားမိန့် ကြားခဲ့ပြီး ထပ်လောင်းမိန့် ဆိုခဲ့သည်မှာ မည်သူမဆို သဘော ထား ကွဲလွဲမှုများနှင့် ကွဲပြားမှုများ ဖန်တီးကာ လူထုအကြား ပယောဂ ဖြန့်ဝေသူသည် ရန်သူ၏ ကိုယ်စားလှယ် ဖြစ် ကြောင်း ယနေ့ ကျွန်ုပ်တို့အားလုံးသည် စည်းလုံးညီညွတ်မှု နှင့် သဟဇာတဖြစ်မှု ရှိဖို့ အလိုအပ်ဆုံး ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် စည်းလုံးညီညွတ်မှုထက် ပိုမိုအားကောင်းသော လက်နက်မရှိသောကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ က ရန်သူသည် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို အကြောက်ဆုံး ဖြစ်ကြောင်း ထို့ကြောင့်လည်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ လည်း စည်းလုံးညီညွတ်မှုအပေါ် များစွာ အလေးပေး တိုက်တွန်းထားကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) ၏ မိန့်မှာ စကားအရ အစ္စလာမ်မစ် တော်လှန်ရေး အောင်မြင်မှု၏ အဓိကသော့ချက်မှာ ကျွန်ုပ်တို့၏ အပြန်အလှန် စည်းလုံးညီညွတ်မှု ပင် ဖြစ်ကြောင်း မိန့်ကြားခဲ့ရပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment