အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က အီရန်အပေါ် ချမှတ်ထား သော အမေရိကန် အရေးယူပိတ်ဆို့မှုများ၏ ရည်ရွယ်ချက်မှာ အီရန်၏ စီးပွားရေးကို မတည်ငြိမ် စေပြီး ပြည်သူများအတွင်း မကျေနပ်မှုနှင့် မငြိမ်မသက်မှုများကို ပိုမိုမြှင့်တင်ရန် ဖြစ်ကြောင်းကို ထင်ရှားစွာ အရှက်မဲ့ ဝန်ခံပြောကြားခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များအရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်မြို့တွင် ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖိုရမ် အခမ်းအနားအတွင်း မီဒီယာများနှင့် တွေ့ဆုံပြောကြားရာ တွင် ဤအရေးယူပိတ်ဆို့မှုများသည် အမှန်တကယ်အားဖြင့် “စီးပွားရေးဆိုင်ရာ နိုင်ငံရေး ကစားနည်း (Economic Statecraft)” ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မကြာသေးမီလများအတွင်း အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် အဓိက ဆက်နွယ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ပရက်စ် တီဗီ ၏ အဆိုအရ ဘက်ဆင့်က ဤမဟာဗျူဟာသည် အောင်မြင်ခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း အီရန် ၏ စီးပွားရေးသည် ပြိုလဲသွားခဲ့သည်ဟု ပြောဆိုခဲ့ပါတယ်။ သူက “ဘဏ်ကြီးတစ်ခု ဒေဝါလီခံသွားခဲ့ပြီး၊ ဗဟိုဘဏ် က ငွေစက္ကူများ ပိုမိုထုတ်ဝေခဲ့ရကြောင်း အမေရိကန် ဒေါ်လာ ပြင်းထန်စွာ ပြတ်လပ်လာခဲ့ပြီး အီရန်သည် ကုန်သွင်းယူနိုင်ခြင်း မရှိတော့ခဲ့ကြောင်း ဒါကြောင့်ပဲ လူတွေ လမ်းမပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဤပြောကြားချက်များသည် အီရန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးအခက်အခဲများကို ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒပြမှုများသည် နောက်ပိုင်းတွင် အကြမ်းဖက်မှုများသို့ ပြောင်းလဲသွားခဲ့သည့် ကာလနှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ထိုအခြေအနေအတွင်း အမေရိကန်နှင့် ဇီယွန်နစ် (အစ္စရေး) အရာရှိများ ၏ လှုံ့ဆော်မှုဆိုင်ရာ ပြောကြားချက်များက ဖျက်ဆီးမှုနှင့် မတည်ငြိမ်မှုများကို ပိုမို ပြင်းထန်စေ ခဲ့ပါ တယ်။
အစီရင်ခံစာအရ ထိုအရေးအခင်းများသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်၏ ပြောကြားချက်များအပြီးတွင် ပိုမို ပြင်းထန်လာခဲ့ပြီး၊ ဆန္ဒပြသူများနှင့် ထိပ်တိုက်ဖြစ်ပွားပါက အီရန်ကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက် ခဲ့ခြင်း လည်း ပါဝင်ပါတယ်။
ထောက်လှမ်းရေး အရာရှိများ၏ အဆိုအရ အမေရိကန်နှင့် အစ္စရေး၏ ထောက်ပံ့အားပေးမှု ရရှိထားသော အနှောင့်အယှက်ဖန်တီးသူများသည် ငြိမ်းချမ်းသော ဆန္ဒပြမှုများကို အကျိုးယူကာ နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် အဖျက်အဆီးများကို ဖန်တီးရန် ကြိုးပမ်းနေကြပြီး၊ ထိုသို့ဖြင့် ပြင်ပမှ တိုက်ခိုက်မှုများအတွက် လမ်းဖွင့်ပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
အမေရိကန်သည် ဆယ်စုနှစ်များကြာ အီရန်အပေါ် ပြင်းထန်သည့် မတရားသည့် စီးပွားရေး အရေးယူပိတ်ဆို့မှုများကို ဆက်လက် ချမှတ်ထားပြီး၊ အထူးသဖြင့် ဘဏ်လုပ်ငန်း၊ စွမ်းအင်နှင့် ကုန်သွယ်ရေး ကဏ္ဍများကို အဓိက ပစ်မှတ်ထားလျက်ရှိကြောင်း ထင်ရှားစွာတွေ့မြင် နိုင်မည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment