၂၃ ဇန်နဝါရီ ၂၀၂၆ - ၀၉:၁၁
IRGCတပ်ဖွဲ့များသည် နိုင်ငံကို ကာကွယ်ရန် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အမိန့်ကို စောင့်ဆိုင်း နေကြ ပြီး အသင့်ဖြစ်ကြောင်း IRGC ဗိုလ်ချုပ်ကြီးပြောကြား

« အစောင့်တပ်များနေ့ » အခမ်းအနားတွင် အစ္စလာမ်တော်လှန်ရေးအစောင့်တပ်၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် ပါ့ခ်ပူးရ်က ဤတပ်ဖွဲ့၏ အဖွဲ့ဝင်များသည် ချစ်လှစွာသော မွေးရပ်မြေကို ကာကွယ်ရန်နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အမိန့် ကို စောင့်ဆိုင်းရန် ယခင်ကထက် ပိုမိုပြင်ဆင်ထားပြီဖြစ် ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ « အစောင့်တပ်များနေ့ »  အခမ်းအနားတွင် ထုတ်ပြန်ခဲ့သော ကြေညာချက် တွင် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် ပါ့ခ်ပူးရ်က အစ္စလာမ်တော်လှန်ရေးအစောင့်တပ်၏ အဖွဲ့ဝင်အားလုံးသည် ယုံကြည် ချက် ပြည့်ဝပြီး စည်းလုံးညီညွတ်ကာ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့် အမေရိကန် နှင့် ဇီယွန်ဝါဒီများ၏ မုန်းတီး မှုမုန်တိုင်းကို ခံနိုင်ရည်ရှိသော ခဲနံရံကဲ့သို့ မွေးရပ်မြေကို ဆက်လက်ကာကွယ်သွားမည်ဟု ကြေညာ ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပါ့ခ်ပူးရ်က ၎င်း၏ကြေညာချက်တွင် ရာဇဝတ်သား၊ လူမဆန်သောနှင့် ဖျက်ဆီးတတ်သော ရန်သူများ၊ အထူးသဖြင့် အမေရိကန်နှင့် အတုအယောင်နှင့် လူမျိုးရေးခွဲခြားသော ဇီယွန်ဝါဒီအစိုးရအား ၁၂ ရက်ကြာစစ်ပွဲ၏ သမိုင်းဝင်အတွေ့အကြုံများမှ သင်ခန်းစာယူရန်နှင့် မှားယွင်းသောတွက်ချက်မှုအမျိုးမျိုးကို ရှောင်ရှားရန် သတိပေးထားပြီး မဟုတ်ပါက ၎င်းတို့သည် ပိုမိုနာကျင်စရာကောင်းပြီး ဝမ်းနည်းဖွယ်ကောင်းသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ရေးသားထားပါတယ်။

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ စစ်ဦးစီးချုပ်က ကျွန်ုပ်တို့၏ လက်နက်များသည် အသင့်ရှိနေပြီး ကျွန်ုပ်တို့ ၏ လက်ချောင်းသည် သေနတ်ပစ်ခလုတ်ပေါ်တွင် ရှိနေကြောင်း ယခင်ကထက် ပိုမိုအသင့်ရှိ နေကြောင်း ကျွန်ုပ်တို့ ၏ အသက်ထက် ပိုမိုတန်ဖိုးထားသော အထွတ်အထိပ်ခေါင်းဆောင် ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ အမိန့်ကို  စောင့်နေ ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha