အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
بِرُّوا آباءَکُمْ یَبِرَّکُمْ أَبْناؤُکُمْ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သင်တို့၏ မိဘများအား ကောင်းမှုပြုလုပ်ပါ၊ သို့မှသာ သင်တို့၏ ကလေးများကလည်း သင်တို့အား ကောင်းမှု ပြုလုပ် မည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း၊ စာမျက်နှာ ၃၅၉
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့ တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ယနေ့မိမိတို့ ၏ မိဘများ အပေါ် ကောင်းမှုများ ပြုလုပ်ထားပေးမည်ဆိုလျင် မနက်ဖန် ကျနော်တို့၏ ကလေးများမှလည်း ကျနော်တို့ အပေါ် ကောင်းမှုများ ပြုလုပ်ပေးကြမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment