အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
شَعبانُ شَهري..... فَمَن صامَ شَهري كُنتُ لَهُ شَفيعاً يَومَ القِيامَةِ ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ရှအ်ဗာန် လ သည် ငါ၏လဖြစ်ပါ သည်... ငါ၏လ (ရှအ်ဗာန် ) တွင် မည်သူမဆို ရိုဇဟ်ထားမည် (ဥပုသ် စောင့်ထိန်း မည်) ပါက ငါသည် ကေယာမသ် နေ့တွင် ၎င်းအတွက် ရှဖာအသ် (အလ္လာဟ်ထံ ကြားဝင် အသနား ခံပေး ခြင်း )ပြုပေမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း (ဘေရွတ် -ပုံနှိပ်) ၊ အတွဲ ၉၄ ၊ စာမျက်နှာ ၈၃
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် လမြတ် ရှအ်ဗာန် တွင် ရိုဇဟ် ထားသူများ ၏ အဆင့်အတန်း ကို သိရှိရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ရိုဇဟ် ထားနိုင်သူများ အနေဖြင့် သို့မဟုတ် ကဇွာရိုဇဟ် ကျန်နေသူများ အနေဖြင့် လမြတ် ရှအ်ဗာန် တွင် ရိုဇဟ် နှင့် ကဇွာရှိလျင် ကဇွာ ရိုဇဟ်ထား ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ကဇွာရိုဇဟ် ထားချိန် ကဇွာရိုဇဟ် ထားသည့် ဖြစ်ကြောင်း နီယသ် ပြုပြီး ရှအ်ဗာန် ရိုဇဟ် ၏ ဆဝါးဗ် လည်း မြတ်အလ္လာဟ် ချီးမြှင့်ဆိုသည့် မျှောင်လင့်ချက်ဖြင့် ရိုဇဟ် ထားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment