အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
طُوبی لِمَنْ تَمَسَّکَ بِاَمْرِنا فی غَیْبَةِ قائِمِنا، فَلَمْ یَزِغْ قَلْبُهُ بالْهِدایَةِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကျွန်ုပ်တို့၏ ကာအေမ် (အီမာမ် မဟ်ဒီ (အ.ဂျ)) (လူမြင်ကွင်းတွင်) မပေါ်ထွန်းသေးသည့် ကာလတွင်ပင်၊ ကျွန်ုပ်တို့ သင်ကြားထားသော လမ်းညွှန်ချက်အမိန့် ကို ခိုင်မာစွာ လိုက်နာနိုင်ပြီး၊ သူ၏ နှလုံးသားသည် လမ်းမှန် ကို မစွန့်ပစ်ဘဲ အမှားဘက်သို့ မလှည့်သွားသူသည် အလွန်ပင် ကံကောင်းမြတ်သောသူ ဖြစ်ပါသည်။»
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၅၂ ၊ စာမျက်နှာ၁၂၃
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ မိန့်ကြားချက် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ကာအေမ် (အီမာမ် မဟ်ဒီ (အ.ဂျ) မပွင့်ပေါ်သေးတဲ့ကာလ တနည်းအားဖြင့် အေမာမ် မဟ်ဒီ (အ.ဂျ) ကို လူများ မမြင်ရသေးတဲ့ အချိန်မှာ အီမာန် ယုံကြည်သူများ အတွက် စမ်းသပ်မှုနဲ့ သံသယအများဆုံးကာလဖြစ်ပါတယ်။ ဟဒီးစ်တော်လာ အမိန့်ကို ခိုင်မာစွာ လိုက်နာခြင်း ဆိုသည်မှာ အေမာမ်များ(အ.စ) တို့၏ သင်ကြားချက်များ (လမ်းညွှန်ချက်၊ အမိန့်များ) ကို စောင့်သိမ်း ပြီး လိုက်နာခြင်း ကိုခေါ်ဆိုပါတယ်။ပြီးနောက် သံသယ၊ အတုအယောင်များ၊ လူအများ ဆန့်ကျင်မှု တွေကြားမှာ တောင် လမ်းမှန်ကို မစွန့်ပစ်ခြင်း ၊ နှလုံးသားကို အမှားဘက်သို့ မလှည့်သွားခြင်း လမ်းမှန်ကို ထိန်းသိမ်းထားခြင်း ဆိုလိုပါတယ်။ အဲလို အချက်နှစ်ချက်ကို လက်တွေ့ လုပ်လာသူ အတွက် အကျိုးရလဒ် ကတော့ အလွန်ကံကောင်း သူဖြစ်မှာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် အဲလို ကံကောင်းသူများဟာ အေမာမ် ဇမာန်း (အ.ဂျ) ခေါ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ကို စောင့်မျှော် နေသူများ ဖြစ်ပါတယ်။ အေမာမ် ဇမာန်း (အ.ဂျ) ခေါ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ကို အမှန် စောင့်မျှော် နေသူများဟာ အထက်ဖော်ပြပါ အချက် နှစ်ချက်ကို လက်တွေ့ အကောင်အထည် ဖော်ကြသူများ ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment