၅ မတ် ၂၀၂၆ - ၁၉:၅၅
ရမ်ဒွါန်လမြတ် အတွင်း ခရီးသွားသူများ၏ လူအများရှေ့ အစားအသောက်စားသောက်ခြင်းဆိုင်ရာ ရှရီအီ ဥပဒေ များ

ဖေက်ဟ် နှင့် ရှရီအီ ဥပဒေများ (အမိန့်များ) ဆိုင်ရာ ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဝဟီးဒ်ပူးရ် မှ ရမ်ဒွါန်လမြတ်နှင့် ပတ်သက်သော ရှရီအီ အမိန့်များကို ရှင်းလင်းဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews သတင်းဌာန ၏ အစီရင်ခံစာအရ ဘာသာရေးအမိန့်များကို သင်ကြားပို့ချပေးနေသော ဆရာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဝဟီးဒ်ပူးရ် က ရမ်ဒွါန် လမြတ်အခါသမယတွင် ဆိုင်ရာ ရှရီအီ အမိန့်များကို ရှင်းပြခဲ့ပါတယ်။  ဘာသာရေးအကြောင်းအရာများကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် တင်ပြထားခြင်း ဖြစ်ပါတယ်။

ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ်

ခရီးသွားသွားလာနေသူများအနက် တစ်နေရာတွင် ၁၀ ရက် ဆက်တိုက် နေထိုင်ရန် မရည်ရွယ်ထားသူများ အတွက် ရိုဇဟ်ထားရန် ဝါဂျစ်ဗ် မဟုတ်ပါ။ သို့သော် ရမ်ဒွါန် လမြတ် အတွင်း လူအများရှေ့တွင် အစား အသောက်စားသောက်ခြင်းကို ခွင့်မပြုထားချေ။

ဤကဲ့သို့သော ခရီးသွားသူများသည် ရိုဇာဟ်မထားရသည့်အတွက် အပြစ်မရှိပါ။ သို့ရာတွင် လူထုရှေ့တွင် အစာစားသောက်ခြင်း မပြုလုပ်ရပါ။ ထို့ကြောင့် ခရီးသွားသူသည် လူများမမြင်နိုင်သော နေရာတွင်သာ အစား အသောက်စားသောက်ခြင်းကိုပြုရမည်ဖြစ်ပါတယ်။

ဟဒီးစ် နှင့် ရီဝါယသ်တော် များတွင်လည်း ရမ်ဒွါန် လမြတ် အတွင်း လူအများရှေ့တွင် အစား အသောက် စားသောက်ခြင်းကိုရှောင်ကြဉ်ရမည် ဟု အထူးအလေးထား ဖော်ပြထားသည်။ လူအများရှေ့တွင် စားသောက် သူကို ရှရီအာ့အာဏာပိုင်က သတိပေးခြင်း သို့မဟုတ် အရေးယူမှု (တအဇီးရ်) ပြုလုပ်နိုင်ကြောင်းလည်း ဖော်ပြ ထားပါတယ်။

မိဘများအနေဖြင့် မိမိတို့၏ ကလေးများကိုလည်း ရမ်ဒွါန်လမြတ် အတွင်း လူအများရှေ့တွင် မစား မသောက် စေရန် လေ့ကျင့်ပေးရမည် ဖြစ်ပြီး၊ ဘာသာရေးတာဝန်ကျရောက်သည့် အသက် (ဘလူဂ်) မရောက်သေး သော်လည်း ထိုသို့ပင် လေ့ကျင့်ပေးသင့်ပါတယ်။

ဤအချက်သည် ခရီးသွားသူများသာမက၊ ခရီးမသွားသော်လည်း ရောဂါကဲ့သို့သော ရှရီအီ အကြောင်းပြချက် ကြောင့် ရိုဇဟ် မထားနိုင်သူများအတွက်လည်း အတူတူဖြစ်ပါတယ်။ ထိုသူများလည်း ရမ်ဒွါန် လမြတ်၏ ဂုဏ်သိက္ခာကို လေးစားရန် လူအများရှေ့တွင် အစားအသောက်စားသောက်ခြင်းကို ရှောင်ကြဉ် ရပါမည် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha