၁ ဧပြီ ၂၀၂၆ - ၂၃:၅၉
အစ္စရေး ကို ပံ့ပိုးသော ကုမ္ပဏီများထံမှ ဈေးဝယ်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ္စရေး ကို ပံ့ပိုးသော ကုမ္ပဏီများထံမှ ဈေးဝယ်ခြင်း ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ္စရေး ကို ပံ့ပိုးသော ကုမ္ပဏီများထံမှ ဈေးဝယ်ခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေ ဖသ်ဝါ မှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

မိမိတို့၏ အမြတ်ငွေအချို့ကို အစ္စရေး ကို ကူညီပံ့ပိုးရန်အတွက် သီးသန့်ခွဲထားသည့် ဆိုင်များထံမှ ဈေးဝယ်ခြင်း ကို ခွင့်ပြုထားပါသလား?

အဖြေ

ခွင့်မပြုထားပါ။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ အဖြေ ဖသ်ဝါ အရ အစ္စရေးကုမ္ပဏီများ သို့မဟုတ် အစ္စရေး ကို ပံ့ပိုးပေးနေသည့် ကုမ္ပဏီ များထံ မှ စျေးဝယ်ခြင်း ၊ အားပေးခြင်း ကို လုံးဝရှောင်ကြဥ်ရမည်ဖြစ်ပါတယ်။ ထို အစ္စရေးကုမ္ပဏီများ သို့မဟုတ် အစ္စရေး ကို ပံ့ပိုးပေးနေ သည့် ကုမ္ပဏီ များထံ မှ စျေးဝယ်ခြင်းသည် အစ္စလာမ် နှင့် မွတ်စလင်မ်များကို တိုက်ခိုက်သတ်ဖြတ်ရန် အတွက် ငွေကြေး အထောက်အပံ့ပေးနေခြင်း ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha