အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အူဆူလေ ကာဖီ ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
ثَلاثَةٌ یَشْکُونَ إِلَى اللَّهِ عَزَّوَجَلّ: مَسْجِدٌ خَرَابٌ لا یُصَلَّى فِیهِ أَهْلُهُ، وَعالِمٌ بَیْنَ جُهّالٍ، وَمُصْحَفٌ مُعَلَّقٌ قَدْ وَقَعَ عَلَیهِ غُبارٌ، لا یُقْرَأُ فِیهِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သုံးမျိုးသောအရာများသည် (ကေယာမသ်နေ့ တွင်) အလ္လာဟ် ၏ရှေ့တော်၌ တိုင်ကြားမည်ဖြစ်ပါသည်။
၁။ အိမ်နီးချင်းများ ဝတ်ပြုကိုးကွယ်ခြင်းမပြုသော စွန့်ပစ်ထားသော ဗလီ
၂။ ဂျာဟေရ်များကြားတွင် ရှိနေသည့် အာလင်မ် ( အာလင်မ် ထံမေးခွန်းမေးမြန်းခြင်းမပြုသည့်အတွက်ကြောင့် ဖြစ်ပါတယ်။ )
၃။ ဖုန်သာတက်နေပြီး သေလာဝသ် မပြုသည့် ကျမ်းတော်မြတ် ကုရ်အာန် တို့ ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အူဆူလေ ကာဖီ ကျမ်း ၊ အတွဲ ၄ ၊ စာမျက်နှာ ၄၁၇
အနည်းငယ်ရှင်းပြချက်
ဤဟဒီးစ်တော် မှ လူတွေက ဘာသာရေးအရာများကို လျစ်လျူရှုမနေသင့်ဘူး ဆိုတာကို သတိပေးခြင်း ဖြစ်ပါ တယ်။
၁။ ဗလီ (မတ်စ်ဂျစ်ဒ်) ကို ဆောက်ထားပေမယ့် လူတွေ မနမာဇ်ဝတ်မပြုရင် အဲ့ဒီဗလီဟာ စွန့်ပစ်ထား သလို အကျိုးမရှိဖြစ်သွားပါမယ်။
၂။သာသနာ့ပညာရှင် (အာလင်မ် ) တစ်ပါး ရှိနေပေမယ့် လူတွေက သူ့ဆီက မသင်ယူဘူးဆိုရင် အဲ့ဒီပညာဟာ လူမှုအသိုင်းအဝိုင်းအတွက် အသုံးမဝင် ဖြစ်သွားပြီး ဂျာဟေရ်များကြားတွင် ရှိနေသည့် အာလင်မ်ဖြစ်သွားမည်ဖြစ်ပါတယ်။
၃။ ကျမ်းတော်မြတ် ကုရ်အာန် အား အိမ်မှာထားပေမယ့် သေလာဝသ် မပြု ၊ မလေ့လာဘူးဆိုရင် ကုရ်အာန်၏ လမ်းညွှန်မှုကို လူတွေ မရနိုင်ဘူးဆိုတာကို သတိပေးနေတာဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ဗလီကိုအသုံးပြုဖို့၊ ပညာရှင်ကို လေးစားပြီး ပညာယူဖို့၊ ကုရ်အာန်ကို မကြာခဏ ဖတ်ပြီး နားလည်ဖို့ ဆိုတဲ့ သတိပေး ချက်ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment