၂၂ ဧပြီ ၂၀၂၆ - ၀၈:၂၇
Times of Israel သတင်းစာအရ အီရန်နှင့်စစ်ပွဲတွင် အမေရိကန် နှင့် အစ္စရေးတို့၏ ထင်ရှားသော ကျရှုံးမှုငါးခု

Times of Israel သတင်းစာအရ အီရန်နှင့်စစ်ပွဲတွင် အမေရိကန် နှင့် အစ္စရေးတို့၏ ထင်ရှားသော ကျရှုံးမှုငါးခုကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Times of Israel သတင်းစာအရ အီရန်နှင့်စစ်ပွဲတွင် အမေရိကန် နှင့် အစ္စရေးတို့၏ ထင်ရှားသော ကျရှုံးမှုငါးခုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ရေလမ်းကြောင်းများတွင် အီရန်၏ရပ်တည်ချက်ကို အားကောင်းစေခြင်း

ဝါရှင်တန်၏အမြင်နှင့် ဆန့်ကျင်ဘက်ပြီး ရေတပ်ပိတ်ဆို့မှုသည် အီရန်ကို မရပ်တန့်စေသည့်အပြင်  ဟော်မုဇ် ရေလက်ကြား တွင် ဟန့်တားရေးအနေအထားအသစ်ကိုလည်း ရရှိခဲ့ပါတယ်။

၂။အီရန်၏ ဒုံးကျည်လက်နက်တိုက်

အီရန်၏ ဒုံးကျည်စွမ်းအားအများစုသည် ဘေးကင်းလုံခြုံပြီး ကောင်းမွန်စွာတည်ရှိနေဆဲဖြစ်ပြီး ဒေသတွင်း အတွက် အဆက်မပြတ်ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

၃။မဟာမိတ်တပ်ဖွဲ့များ၏ အစွမ်းသတ္တိ

အီရန်၏ မဟာမိတ် တပ်ဖွဲ့များအား အားနည်းသွားပြီးဟု ပြောဆိုချက်များ ရှိနေလျက် ဒေသတွင်းရှိ အီရန်၏ အတွေး အခေါ်တူ မဟာမိတ် အဖွဲ့များသည် မြင့်မားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အဆင့်တွင် ရှိနေဆဲဖြစ်ပါတယ်။ (တစ်နည်းအား ဖြင့် အားနည်းသွားပြီးဟု ပြောဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်ပါ တယ်။

၄။ပြည်ပတွင် လုံခြုံရေးခြိမ်းခြောက်မှုများ တိုးလာခြင်း

အီရန်နှင့်ဆက်စပ်သော တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ အနောက်တိုင်းနှင့် အစ္စရေးအကျိုးစီးပွားများအပေါ် ပိုမိုပြင်းထန်လာခဲ့ပါတယ်။

၅။နျူကလီးယားအစီအစဉ် ဆက်လက်လုပ်ဆောင်ခြင်း

အီရန် ယူရေနီယမ် သန့်စင်မှုကို လုံးဝရပ်တန့်ရန် အဆက်မပြတ်ကြိုးစားနေလျက် မအောင်မြင်မှုကြောင့် တီဟီရန်၏လက်ထဲတွင် ဤပြဿနာသည် ဖိအားလက်နက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha