၂၂ ဧပြီ ၂၀၂၆ - ၀၉:၃၀
အီရန် လေတပ်ဦးစီးချုပ် ၏ အီရန် တောင်ပိုင်း အိမ်နီးချင်း နိုင်ငံများသို့ သတင်းစကား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆယက်ဒ် မူစဝီ မှ ၏ အီရန် တောင်ပိုင်း အိမ်နီးချင်း နိုင်ငံများသို့ သတင်းစကားပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး  ဆယက်ဒ် မူစဝီ မှ ၏ အီရန် တောင်ပိုင်း အိမ်နီးချင်း နိုင်ငံများ အား  အီရန် ရန်သူများတိုက်ခိုက်ဖို့ မိမိတို့  မြေပြင်၊လေပြင်ကို အသုံးပြုခွင့် ပြုမည်ဆိုလျင် မိမိတို့ ရေနံ ထုတ်လုပ်မှုကို နှုတ်ဆက် ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်အပေါ် အမေရိကန် နှင့် အစ္စရေး တို့ ၏ တရားမဝင် ကျူးကျော် စစ် ပြုပြီးနောက် အီရန် မှ ရက်ပေါင်း ၄၀ ကျော်  မိမိတို့၏ ဒုံးကျည်များ ဒရုန်းများ အစွမ်း ၂၀ ရာခိုင်နှုန်းခန့် ပြသခဲ့ပါတယ်။ အမေရိကန် တို့၏ နောက်ဆုံးပေါ် တိုက်လေယာဥ်များ ဒရုန်းများ ကို ဖျက်စီးပြီး မိမိတိုါ၏ လေတပ်စွမ်းအားကို ပြသခဲ့ပါတယ်။

ဟော်မုဇ် ရေလက်ကြားကိုထိန်းချုပ်ထား ပြီး မိမိတို့၏ ရေတပ် အစွမ်းကိုပြသခဲ့ပါတယ်။

အမေရိကန် စစ်တပ် အီရန်ထဲ ဝင်ရောက်လာလျင်လည်း အီရန် မြေတပ် ၏ အစွမ်းကိုပြမှာ ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် လူထက် မူကို အဓိက ထားပြီး တည်ဆောက်ထားသည့် အတွက် ခေါင်းဆောင်ကြီး နှင့် ခေါင်ဆောင် များ ဗိုလ်ချုပ်ကြီးများ ၊ အကျော်အမော် ပညာရှင်များ လုပ်ကြံခံရပြီးနောက်  လည်း မပြိုလဲပဲ ပိုမို၍ အားကောင်းစွာ ရပ်တည်နေခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha