၂၆ ဧပြီ ၂၀၂၆ - ၂၃:၄၆
အေမာမ် ဇမာန်း (အ.ဂျ) သည် ကမ္ဘာ မြေပေါ်ရှိလူများအတွက် အေးချမ်းလုံခြုံမှုဖြစ်ကြောင်း

အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိမိသည် ကမ္ဘာ မြေပေါ်ရှိလူများအတွက် အေးချမ်းလုံခြုံမှုဖြစ်ကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံး သွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

: قال الامام المهدي‌ عليه السلام

. اِنّی اَمانٌ لِأَهلِ اِلأرضِ كما أَنَّ النُّجومَ اَمانٌ لِأَهلِ السّماء

အေမာမ်  မဲဟ်ဒီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  ကြယ်များသည် ကောင်းကင်ဘုံရှိသူများအတွက် အေးချမ်း လုံခြုံမှုဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်း ကမ္ဘာ မြေပေါ်ရှိလူများအတွက် အေးချမ်းလုံခြုံမှုဖြစ်ပါသည်။»

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈၊ စာမျက်နှာ ၃၈

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အေမာမ် ဇမာန်း (အ.ဂျ) သည် အေးချမ်း လုံခြုံမှုကိုသာဖြစ်စေသည်ဖြစ်၍ မိမိကိုယ်ကို အေမာမ် ဇမာန်း (အ.ဂျ) ၏ နောက်လိုက် နောက်သား  အစစ်အမှန်များ ၊ တပ်သားများအဖြစ်ခံယူထားသူများသည်လည်း ရှီအဟ်များ အတွက် သာ မဟုတ်ဘဲ ကမ္ဘာ လူသားများ အားလုံး အတွက် အေးချမ်းလုံခြုံမှုကို ပြုပေးသူသာ ဖြစ်ရမည်ဖြစ်ပါတယ်။ စည်းလုံးရေးပြိုကွဲအောင်ပြုသူ၊ ပြဿနာ ဖန်တီးသူ မဖြစ်ဖို့လိုအပ်ပါတယ်။

****************************************************************

END / 251           

Tags

Your Comment

You are replying to: .
captcha