အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
: قال الامام المهدي عليه السلام
. اِنّی اَمانٌ لِأَهلِ اِلأرضِ كما أَنَّ النُّجومَ اَمانٌ لِأَهلِ السّماء
အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကြယ်များသည် ကောင်းကင်ဘုံရှိသူများအတွက် အေးချမ်း လုံခြုံမှုဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်း ကမ္ဘာ မြေပေါ်ရှိလူများအတွက် အေးချမ်းလုံခြုံမှုဖြစ်ပါသည်။»
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈၊ စာမျက်နှာ ၃၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အေမာမ် ဇမာန်း (အ.ဂျ) သည် အေးချမ်း လုံခြုံမှုကိုသာဖြစ်စေသည်ဖြစ်၍ မိမိကိုယ်ကို အေမာမ် ဇမာန်း (အ.ဂျ) ၏ နောက်လိုက် နောက်သား အစစ်အမှန်များ ၊ တပ်သားများအဖြစ်ခံယူထားသူများသည်လည်း ရှီအဟ်များ အတွက် သာ မဟုတ်ဘဲ ကမ္ဘာ လူသားများ အားလုံး အတွက် အေးချမ်းလုံခြုံမှုကို ပြုပေးသူသာ ဖြစ်ရမည်ဖြစ်ပါတယ်။ စည်းလုံးရေးပြိုကွဲအောင်ပြုသူ၊ ပြဿနာ ဖန်တီးသူ မဖြစ်ဖို့လိုအပ်ပါတယ်။
****************************************************************
END / 251
Your Comment