၃၀ ဧပြီ ၂၀၂၆ - ၀၀:၀၀
အေမာမ်ရေဇာ (အ.စ) နှလုံးသားတွင် ကျနော်တို့ ဘယ်အဆင့်မှာ ရှိပါသနည်း?

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အေမာမ်၏ နှလုံးသားတွင် ကျနော်တို့ ဘယ်အဆင့်မှာ ရှိပါသနည်း? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ တစ်နည်းအားဖြင့် ရှီအဟ် မွတ်စလင်မ် အစစ် တစ်ယောက် ဖြစ်ရန် အေမာမ် ဘာမိန့်ထား လဲ ဆိုတာ ဖြစ်ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်း ပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာ ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الرضا علیه السلام:

…عَنِ اَلْحَسَنِ بْنِ اَلْجَهْمِ قَالَ: سَأَلْتُ اَلرِّضَا عَلَیْهِ السَّلاَمُ فَقُلْتُ لَهُ: جُعِلْتُ فِدَاکَ مَا حَدُّ اَلتَّوَکُّلِ؟ فَقَالَ لِی: «أَنْ لاَ تَخَافَ مَعَ اَللَّهِ أَحَداً.» قَالَ: قُلْتُ: فَمَا حَدُّ اَلتَّوَاضُعِ؟ قَالَ: «أَنْ تُعْطِیَ اَلنَّاسَ مِنْ نَفْسِکَ مَا تُحِبُّ أَنْ یُعْطُوکَ مِثْلَهُ.» قَالَ: قُلْتُ: جُعِلْتُ فِدَاکَ أَشْتَهِی أَنْ أَعْلَمَ کَیْفَ أَنَا عِنْدَکَ. قَالَ: «اُنْظُرْ کَیْفَ أَنَا عِنْدَکَ.

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဟစန် ဘင်န် ဂျဟ်မ် မှ ပြောပြသည်မှာ - ကျွန်ုပ်သည် အေမာမ် ရေဇာ (အ.စ) ထံ  မေးမြန်းခဲ့ပါသည်။ ကျနော် အသက်ကို စတေးပါရစေ။ သဝကဲလ်  ဆိုတာ ဘာကိုခေါ်ပါသနည်း ?  ဟဇရသ် မှ ကျနော်အား ဖြေကြေား မိန့် တော် မူပါ သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သူ့ကိုမျှ မကြောက်ရွံ့ ခြင်း ( သဝကိုလ် လို) ခေါ်ဆိုပါသည်။

ကျွန်ုပ်က(ထပ်ပြီး) မေးမြန်း လျှောက်ထားပါသည်။  နှိမ့်ချမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကား အဘယ်နည်း? အေမာမ် အဖြေပေးမိန့်ကြားပါသည်။ အသင်အား ပေးစေလို သည့် အတိုင်း လူထု ကိုပေးခြင်း ဖြစ်ပါတယ်။ ကျနော်က (ထပ်ပြီး ) အသက်ကို စတေးပါရစေ။ ကျနော်၏ အဆင့်အတန်း ဟာ အေမာမ် ၏ အနီး တွင် မည်သို့ ရှိပါသနည်း ? ဟု သိလိုပါသည်ဟု လျှောက်ထားမေးမြန်းလေ၏။ အေမာမ် အဖြေပေး မိန့်ကြားတော်မး၏။ အသင်အနီး တွင် ကျွန်ုပ် ဘယ်လိုရှိ ဖြစ်ပါသနည်း ? ထိုအတိုင်း ဖြစ်သည်ဟု ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ အိုယွန်းနိုအက်ခ်ဗါရိုရ်ရေဇာ ကျမ်း  ၊ အတွဲ ၂  ၊ စာမျက်နှာ ၄၉

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အနှစ်ချုပ် သိနိုင်ပါတယ်။ ဤဟဒီးစ်တော်က  အေမာမ်ရေဇာ (အ.စ) နဲ့ ဟစန် ဘင်န် ဂျဟ်မ် ကြားမှာ ဖြစ်တဲ့ စကားဝိုင်းတစ်ခု ဖြစ်ပြီး သဝကဲလ် (အလ္လာဟ် ကို အားထားခြင်း) ၊ နိမ့်ချမှု (သဝဇိုအ် ) ၊ အေမာမ် နှင့် လူသားရဲ့ ဆက်ဆံရေး ကို ရှင်းပြထားပါတယ်။

သဝကဲလ် (အလ္လာဟ် ကို အားထားခြင်း)

အေမာမ်ရေဇာ (အ.စ) က “အလ္လာဟ်ဟို အရှင်မြတ် မှ  အခြားဘယ်သူကိုမှ မကြောက် ဘူးလို့ ပြောခြင်းဖြစ် ပါတယ်။ အဓိပ္ပါယ်ကတော့အလ္လာဟ် ဟို အရှင်မြတ် ကို အမှန်တကယ် ယုံကြည်အားထားတဲ့သူက လူတွေ၊ အာဏာ၊ အခြေအနေတွေကို မကြောက်တော့ဘူးဆိုတာဖြစ်ပါတယ်။

နိမ့်ချမှု (သဝဇိုအ် )

လူတွေက လူကြီးမင်းကို ပေးစေချင်တဲ့ အရာကို မင်းဘက်ကလည်း သူတို့ကို ပေးခြင်း ဖြစ်တာ လို့ အေမာမ်က  ရှင်းပြထားခြင်းဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် ကောင်းတာလိုချင်သလို အခြား သူတွေကိုလည်း အဲ့ဒီလို ကောင်းမှုတွေ ပြုလုပ်ပေးရမယ် ၊ ကိုယ်ကို သိက္ခာပေးတာ လိုချင်ရင် ကိုယ်ကလည်း သူများကို သိက္ခာ ပေးရမည်  စသည် ဖြင့် ကို ဆိုလိုတာ ဖြစ်ပါတယ်။

မိမိ၏ အဆင့်အတန်း နေရာကို မေးမြန်းခြင်း

ဟစန် ဘင်န် ဂျဟ်မ် က ကျနော်၏ အဆင့်အတန်း ဟာ အေမာမ် ၏ အနီး တွင် မည်သို့ ရှိပါသနည်း ? လို့ မေးတဲ့အခါ အေမာမ် က “ငါ့အဆင့်အတန်း ကို မင်းဘယ်လိုထားထားလဲ ဆိုတာကို ပြန်ကြည့်ပါ လို့ ဖြေကြား ပါတယ်။ အဓိပ္ပါယ် ကတော့ အေမာမ် ကို မင်းဘယ်လောက် ချစ်၊ လေးစား၊ လိုက်နာသလဲ ဆိုတာပေါ်မူတည်ပြီး မင်းရဲ့တန်ဖိုးကိုလည်း သတ်မှတ်နိုင်တယ် ဆိုတာဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha