အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ၏ တဝါဖ် လှည့်လည်နေစဉ် ဝဇူ ပျက်သွားရင် ဘာလုပ်ရ မည်နည်း? နှင့် ပတ်သက်သည့် ရှရီအီ မတ်စ်အလဟ် ကိုတင်ပြလိုက်ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ ရှရီအီ အဖြေမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။ အာယာသွလ္လာဟ် ၏ မနာစေက်ကေဟဂျ် စာအုပ်တွင်ပါရှိပါသည်။
« တဝါဖ် လေးပတ် မပြည့်ပြီး ဝဇူပျက်သွားမည်ဆိုလျင် ၎င်း၏ တဝါဖ် မပိုင်တော့ချေ။ ထို့ကြောင့် ဝဇူပြုပြီး နောက် နောက် တဖန် တဝါဖ် ပြုရမည် ဖြစ်ပါသည်။ တဝါဖ် လေးပတ် မပြည့်ပြီး သူအလိုအလျောက် ဝဇူပျက်သွား မည်ဆိုလျင် တဝါဖ်ကို ရပ်ပြီး ဝဇူပြန်လုပ်ရပါမည်။ ပြီးနောက် ရပ်ထားသည့်နေရာ မှ တဝါဖ်ကို ပြန်စ လုပ်ရမည်ဖြစ်ပါသည်။ »
အနှစ်ချုပ် - တဝါဖ်ပြုလုပ်နေစဉ် ဝဇူပျက်သွားပါက အခြေအနေ (၂) ရပ်ရှိပါတယ်။
၁။ တဝါဖ် (၄) ပတ် မပြည့်မီ ဝဇူပျက်ခြင်း
- စည်းကမ်း - တဝါဖ်တစ်ခုလုံး ပျက်ပြယ်သွားပါတယ်။
- လုပ်ဆောင်ရန် - ဝဇူအသစ်ပြန်ပြုပြီးနောက် တဝါဖ်ကို အစကနေ (ပထမပတ်မှစ၍) ပြန်လည်စတင်ပြုလုပ်ရမည်။
၂။ တဝါဖ် (၄) ပတ် ပြည့်ပြီးနောက်မှ ဝဇူပျက်ခြင်း
တမင်ဝဇူဖျက်ခြင်းမဖြစ်ဖို့လိုပါတယ်။
- စည်းကမ်း - တဝါဖ်တစ်ခုလုံး ပျက်ပြယ်မသွားပါ။
- လုပ်ဆောင်ရန် - ချက်ချင်း တဝါဖ်ကို ရပ်တန့်လိုက်ပါ။ ဝဇူအသစ်ပြန်ပြုလုပ်ပါ။ ထို့နောက် ရပ်တန့်ခဲ့သည့်နေရာ (သို့မဟုတ်) ရပ်ထားခဲ့သည့် ပတ်အရေအတွက်မှ ဆက်လက်၍ ဖြည့်စွက်ပြီး တဝါဖ်ကို အဆုံးသတ်ရမည်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment