၂၅ မေ ၂၀၂၆ - ၂၃:၅၆
အလ္လာဟ်ဟို အရှင်မြတ် ကို ကြောက်ရွံ့သူများ နှင့် တိုင်ပင်ဆွေးနွေးခြင်း

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ်ဟို အရှင်မြတ် ကို ကြောက်ရွံ့သူများ နှင့် တိုင်ပင်ဆွေးနွေးခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:

اِستَشِر فی أمرِک الَّذینَ یخشَونَ اللَّهَ .

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အလ္လာဟ်ဟို အရှင်မြတ် သခင်ကို ကြောက်ရွံ့သူများ နှင့် (သာ ) သင်၏ကိစ္စကို တိုင်ပင်ဆွေးနွေးပါ။  »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၂၉၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် မိမိ၏ အရေးကြီးသော ကိစ္စရပ်များတွင် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူများ တစ်နည်းအားဖြင့် အလ္လာဟ် ဟို အရှင် မြတ် ကို ကြောက်ရွံ့ သူ ကို ရွေးချယ်တိုင်ပင်ခြင်းသည် မိမိ၏ ဘဝလမ်းကြောင်း မမှားစေရန်အတွက် အကောင်း ဆုံးသော ကာကွယ်မှုပင် ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ရှီအဟ် လူ့ဘောင်အတွင်း ဝမ်းနည်းဖွယ်ရာ လုပ်ရပ်အချို့ကို တွေ့မြင်နေရပါတယ်။ ၎င်းမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း၊ အေမာမ်ဘာရာနှင့် ဗလီဝတ်ကျောင်းတော်များသို့ လှူဒါန်းခြင်း၊ အကူအညီပေးခြင်း သို့မဟုတ် အကူအညီရယူခြင်းတို့တွင် သီလသမာဓိရှိ၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေသူ (သက္က်ဝါရှိသူ) များထံ ချဉ်းကပ်တိုင်ပင်ခြင်း မပြုဘဲ၊ မိမိကို မြှောက်ပင့်တတ်သူများ၊ အာဃာတရှိသူများနှင့် မနာလိုဝန်တိုစိတ် ရှိသူများ၏ အကြံပြုချက်များကိုသာ နားယောင်၍ ဆုံးဖြတ်နေကြခြင်း ဖြစ်ပါတယ်။ ဤသည်မှာ သာသနာရေးရာ ကိစ္စရပ်များတွင် အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha