အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ နာမဲဟ်ရမ် နှင့် ချစ်ကြောင်းဆိုခြင်းဆိုင်ရာ ရှရီအီ အမေးကို အဖြေပေးထားပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးမြန်းခံသည် ရှရီအီ မေးခွန်း နှင့် အာယာသွလ္လာဟ် ကြီး ၏ အဖြေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
မေးခွန်း:
ကျွန်မသည် လူငယ်တစ်ယောက်ကို ချစ်နေပါသည်။ သူကလည်း ကျွန်မကို လက်ထပ်မည်ဟု ကတိပေး ထားပါ တယ်။ အင်တာနက်မှ မက်ဆေ့ခ်ျပို့ခြင်း၊ ဖုန်းပြောခြင်းတို့ဖြင့် သူနှင့် ဆက်သွယ်နေပါသည်။ ဒီလိုလုပ်ခြင်းသည် ခွင့်ပြုထား သောအရာဖြစ်ပါသလား?
အဖြေ:
နာမဟ်ရမ် တစ်ဦးတစ်ယောက် နှင့် ချစ်ရေးတည်ဆောက်ခြင်း သို့မဟုတ် ချစ်ကြောင်းဖော်ပြခြင်းသည် ဟရာမ် ဖြစ်ပါသည်။
အနည်းငယ် ရှင်းလင်းချက် - မေးခွန်းမှာပါသည့် “လက်ထပ်မယ်” ဆိုတဲ့ ကတိရှိတယ်ဆိုတာ မင်္ဂလာစာချုပ် (နေကာဟ်) ဖြစ်သွား တာ မဟုတ်ပါဘူး။ နေကာဟ် မလုပ်မချင်း သာမန်အားဖြင့် နာမဲဟ်ရမ် လိုပဲ စည်းကမ်းတွေ သက်ဆိုင်နေ ပါတယ်။ နေကာဟ် နှစ်မျိုး နှစ်စား ရှိပါတယ်။ အမြဲ နဲ့ယာဘီ ။ အမြဲဖြစ်စေ ၊ ယာယီနေကာဟ် မှာတော့ အပျို အတွက် ဖခင်သို့ အဖိုး၏ ခွင့်ပြုချက်လိုပါတယ်။ နောက်တစ်ချက်က ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ၏ ဖသ်ဝါ အ ရည်စားထားလို့မရပါဘူး။ အကြောင်းမှာ ရည်စား ထား သူများ ဟာ နေကာဟ် မရှိဘဲ ချစ်ကြောင်း တွေ ဆိုကြလို့ ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment