အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဆေးရုံတက်နေစဉ် သို့မဟုတ် ဆေးကုသမှုခံယူနေစဉ် ဝဇူကို မည်သို့ပြုလုပ်မည်နည်း? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အကယ်၍ ဝဇူ ပြုလုပ်ရမည့် ကိုယ်အင်္ဂါအစိတ်အပိုင်းပေါ်တွင် ဆေးသွင်းပိုက် (Drip) သို့မဟုတ် ထိုးဆေးများ အဆက်မပြတ် ထိုးနှံထားရမှုကြောင့် ပလာစတာ (Tape) မှ ကပ်စေးစေး အရာများ လက်ပေါ်တွင် ကျန်ရှိနေပြီး၊ ၎င်းတို့ကို ဖယ်ရှားရန် အလွန်ခက်ခဲနေပါက ဝုဇူကို မည်သို့ပြုလုပ်ရမည်နည်း။?
အဖြေ
ဤကဲ့သို့သောအခြေအနေမျိုးတွင် သယမ်မွမ်း ပြုလုပ်ရန်ဖြစ်ပါသည်။ သို့သော် အကယ်၍ သယမ်မွမ်း ပြုလုပ် ရမည့် နေရာ (ဥပမာ- နဖူး သို့မဟုတ် လက်ဖမိုး) ပေါ်တွင် ထိုအရာများ ကပ်ညှိနေပါက ဝဇူရော သယမ်မွမ်း ပါ နှစ်မျိုးလုံးကို ပြုလုပ်ရမည် ဖြစ်ပါသည်။
ကိုးကား -
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ သောင်ဇီးဟုလ် မစာအီလ် (ပါရှန်း) - ဥပဒေ အမှတ် - ၃၃၇
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment