အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကွမ်းပြည်နယ် ဘာသာရေးပိုင်ဆိုင်မှု (ဝတ္တက ပစ္စည်းများ) နှင့် ပရဟိတရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဘာစ် အစ်ကန်ဒါရီ က ပြည်နယ်ရှိ သန့်ရှင်းမြင့်မြတ်သော နေရာ အေမာမ်ဇါဒေဟ် (၁၇) ခု ဂူဗိမာန် တွင် အာဇာနည်ခေါင်းဆောင်ကြီး ၏ မြင့်မြတ်သော ရုပ်ကလာပ် ဈာပနအခမ်းအနားသို့ တက်ရောက်မည့် သူများ ၁၁,၀၀၀ ကျော်အား အခမဲ့တည်းခိုနေထိုင်နိုင်ရန် အသင့်ထားခဲ့ကြောင်းကြေညာခဲ့ပါတယ်။
၎င်းက ဝမ်းနည်းပူဆွေးသူများအား သင့်လျော်စွာ ဧည့်ခံကြိုဆိုရန် လိုအပ်ကြောင်း အလေးပေးပြောကြားပြီး၊ ရရှိနိုင်သည့် အရင်းအမြစ်များအား စုစည်းအသုံးပြုကာ ပြည်နယ်ရှိ အထင်ကရ သန့်ရှင်းမြင့်မြတ်သော နေရာများအနီးတွင် စတုဒိသာ ၁၇ ခု ဖွင့်လှစ်၍ တည်းခိုရေးနှင့် ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှုများ ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဘာစ် အစ်ကန်ဒါရီ က ခြံဝင်းများနှင့် စျာပန ပို့ဆောင်သူ များတည်းခိုဆောင်များတွင် လူပေါင်း ၁၁,၅၉၀ ဦး တည်းခိုနိုင်သည့် စွမ်းရည်ရှိကြောင်း ပြောကြား ခဲ့ပြီး၊ အခမဲ့တည်းခိုခွင့်အပြင် အခမ်းအနားကျင်းပသည့် ကာလအတွင်း နေ့စဉ် အစားအစာ နှစ်နပ်ကို စာကို အယောက် ၃၀,၀၀၀ အတွက် ဝေငှပေးသွားခဲ့ကြောင်းဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ထို့ပြင် အများပြည်သူအား ဧည့်ခံကျွေးမွေးရန် ဆလ်ဝသ် စခန်းများ ကို ဖွင့်လှစ်ထားပြီး၊ ဆယက်ဒ် မအ်စူမ်(အ.စ) နှင့် ရှားဟ်ဂျမားလ် (အ.စ)ကဲ့သို့သော သန့်ရှင်းမြင့်မြတ်သည့် ဂူဗိမာန်များ နေရာများအနီးတွင် လိုက်ပို့သူ များ၏ မော်တော်ယာဉ်များ ရပ်နားနိုင်ရန် ကားရပ်နားကွင်းများလည်း စီစဉ်ပေးခဲ့ပါတယ်။
နောက်ဆုံးတွင် ကွမ်းပြည်နယ် ဘာသာရေးပိုင်ဆိုင်မှု (ဝတ္တက ပစ္စည်းများ) နှင့် ပရဟိတရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စေတနာ့ဝန်ထမ်း ခါဒင်မ် များနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူ စုစုပေါင်း ၃၅၀ ဦး သည် သန့်ရှင်းမြင့်မြတ်သော အေမာမ် ဇါဒေဟ် ဂူဗိမာန် နေရာများတွင် နေ့ညမပြတ် တာဝန်ထမ်းဆောင်ကာ ဝမ်းနည်းပူဆွေးသူများအား ဝန်ဆောင်မှုပေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment