၅ ဇူလိုင် ၂၀၂၆ - ၂၃:၅၉
ယီမင်က ဆော်ဒီအာရေဗျအား သတိပေး /လေပိုင်နက်ကို ချိုးဖောက်မှု မည်သည့်အကြိမ်မဆို အရေးပါသော အကျိုး စီးပွားများကို ပစ်မှတ်ထား၍ တုံ့ပြန်မည်

ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက မိမိ နိုင်ငံ၏ လေပိုင်နက်ကို ထပ်မံချိုးဖောက်မှု မည်သည့်အကြိမ်မဆို ဆော်ဒီ အာရေဗျ ၏ လေဆိပ်များနှင့် အရေးပါသော အကျိုးစီးပွားများကို ပစ်မှတ်ထား၍ တုံ့ပြန်သွားမည်ဟု သတိပေးခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက ထုတ်ပြန်သော ကြေညာချက်တွင် ဇူလိုင်လ ၃ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်၌ ဆော်ဒီ စစ်လေယာဉ်များသည် ယီမင်ပြည်နယ်အများအပြားအပေါ် ပျံသန်းခဲ့ပြီး ယီမင်၏ လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါတပ်ဖွဲ့များ၏ ပြောကြားချက်အရ ယင်းလုပ်ရပ်မှာ ခရီးသည် ၂၀၀ ကျော် လိုက်ပါလာသည့် အီရန်ခရီးသည်တင်လေယာဉ်တစ်စင်းအား ဆနအာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်ခြင်းမှ တားဆီးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖြစ်ပါတယ်။

ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက အဆိုပါလေယာဉ်တွင် ပိတ်မိနေသော နိုင်ငံသားများ၊ ဒဏ်ရာရသူများနှင့် လူနာများ လိုက်ပါလာကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းလေယာဉ်ကို ဆင်းသက်ခွင့်မပြုရန် ကြိုးပမ်းမှုမှာ မအောင် မြင်ခဲ့ ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ရန်လိုသော စစ်လေ ယာဉ်များ ကို တုံ့ပြန်ပြီးနောက် ဆော်ဒီ စစ်လေယာဉ်များသည် ယီမင်၏ လေပိုင်နက်မှ ဆုတ်ခွာသွားခဲ့ရကြောင်း သိရပါတယ်။

ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက မိမိ နိုင်ငံ၏ လေပိုင်နက်ကို ထပ်မံချိုးဖောက်ခြင်း သို့မဟုတ် ရန်လိုသည့် လုပ်ရပ် များ ထပ်မံဖြစ်ပေါ်လာပါက ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးခဲ့ပြီး၊ ယင်းတုံ့ ပြန်မှု တွင် ဆော်ဒီအာရေဗျ၏ လေဆိပ်များနှင့် ကုန်းမြေနှင့် ပင်လယ်ရှိ အရေးပါသော အကျိုးစီးပွားများကို ပစ်မှတ် ထားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ကြေညာချက်တွင် ထို့အပြင် ယီမင်နိုင်ငံသည် ဆော်ဒီ၊အမေရိကန် ပိတ်ဆို့ဝိုင်းရံမှုကို ဆက်လက် လက်ခံမည် မဟုတ်ကြောင်း အလေးပေးဖော်ပြထားပြီး ယင်းပိတ်ဆို့မှုကို အဆုံးသတ်ရန်အတွက် ယီမင် လက်နက်ကိုင် တပ်ဖွဲ့များသည် မိမိတို့ တရားဝင်သည်ဟု ယူဆသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု ဖော်ပြထားပါတယ်။

အဆိုပါ ကြေညာချက်တွင် ယီမင်ပြည်သူများအား စစ်ဘက်နှင့် နိုင်ငံရေးခေါင်းဆောင်မှု၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နိုင်ရန် အထွေထွေစစ်ရေးအသင့်အနေအထားကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူ့ စစ်အင်အား စုစည်းမှုတွင် ပါဝင်ကြရန် တိုက်တွန်းထားပါတယ်။

ထို့အပြင် ယီမင် လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိတို့၏ တပ်ဖွဲ့ဝင်အားလုံးဖြင့် စစ်ဘက်နှင့် နိုင်ငံရေး ခေါင်းဆောင် မှု မှ ထုတ်ပြန်လာနိုင်သည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို အကောင်အထည်ဖော်ရန် အပြည့်အဝ အသင့်ရှိ ကြောင်း အတည်ပြုခဲ့ပါတယ်။

နောက်ဆုံးတွင် ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက ဆန်အာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး၊ လူနာများ၊ ပိတ်မိနေသူများနှင့် အမျိုးမျိုးသော အခမ်းအနားများတွင် ပါဝင်သူများကို ပို့ဆောင်ရန် လေကြောင်းခရီးစဉ်များ စီစဉ်ပေးခြင်းဖြင့် ပိတ်ဆို့မှုကို ချိုးဖျက်ရာတွင် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ ပါတယ်။

ထို့အပြင် ယီမင်ပြည်သူများ၏ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများနှင့် ဒုက္ခများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ဆနအာနှင့် တီဟီရန် အကြား လေကြောင်းခရီးစဉ်များကို ဆက်လက် ပြေးဆွဲသွား မည်ဖြစ်ကြောင်း လည်း ကြေညာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha