အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အဆိုအရ အီရတ်ရုပ်သံလိုင်းက ဗုဒ္ဓဟူးနေ့တွင် အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအခမ်း အနားအတွက် အီရတ်တွင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်မှုများ ပြုလုပ်နေပြီး လူမှုရေးနှင့် အများ ပြည်သူ အသိုင်းအဝိုင်းအမျိုးမျိုးကလည်း အခမ်းအနားတွင် ပါဝင်ရန် အလွန်စိတ်အားထက်သန်မှု ရှိနေကြောင်း သိရပါတယ်။
အစီရင်ခံစာအရ နဂျဖ်ဖေအရှ်ရဖ် နှင့် ကရ်ဗလာ မိုအလာ တို့တွင် ပြုလုပ်မည့် ဈာပနတွင် လူပေါင်း ငါးသန်းကျော် ပါဝင်မည်ဟု မျှော်လင့်ရပါတယ်။ ဤရည်ရွယ်ချက်အတွက် အီရတ်အစိုးရသည် ဝန်ကြီးချုပ်ရုံး၊ ပြည်သူ့ လှုပ်ရှားမှု တပ်ဖွဲ့များ၊ နဂျဖ်ဖေအရှ်ရဖ် နှင့် ကရ်ဗလာ မိုအလာ ဆိုင်ရာအုပ်ချုပ်ရေး၊ သန့်ရှင်းသော ရောင်ဇာတော် များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အခြားအစိုးရအဖွဲ့အစည်းများမှ ကိုယ်စား လှယ် များ ပါဝင်သော အဆင့်မြင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။
တစ်ချိန်တည်းမှာပင် ဇီကာ ၊ ကရ်ဗလာ၊ နဂျဖ်ဖေအရှ်ရဖ် ၊ ပဆွရဟ် နှင့် ဘဂ္ဂဒက် အပါအဝင် အီရတ်ပြည်နယ် အများအပြားရှိ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည် နိုင်ငံသားများ ဈာပနအခမ်းအနားသို့ တက်ရောက်နိုင်စေရန် အတွက် ဗုဒ္ဓဟူးနေ့တွင် ဒေသန္တရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ပြီး လွှတ်တော်နှင့် လူမှုရေးအသိုင်းအဝိုင်းများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာရန် ဖက်ဒရယ်အစိုးရအား တောင်းဆိုခဲ့ကြပါတယ်။
အစီရင်ခံစာတွင် အီရတ်နိုင်ငံရှိ မျိုးနွယ်စုအမျိုးမျိုးနှင့် လူမျိုးစုများသည်လည်း ဈာပနအခမ်းအနားတွင် ပါဝင်ရန် မိမိ တို့၏ ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့ပြီး စျာပန လိုက်ပို့ သူများ အတွက် အစားအသောက်၊ ဖျော်ရည်များ၊သောက်ရည်များ နှင့် အနားယူရန်နေရာများ အပါအဝင် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးရန် စီစဉ် နေကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment