အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မ တနိုင်ငံ ၏ အာဇာနည်ခေါင်းဆောင်ကြီး နှင့် ၎င်း၏ မိသားစုဝင်များ၏ ရုပ်ကလာပ်တော်များ အတွက် ဂျနာဇဟ်နမာဇ် (ဈာပနဆုတောင်းပွဲ) အတွင်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ သည် အလွန်ဝမ်းနည်းကြေကွဲဖွယ် လေသံဖြင့် အနန္တတန်ခိုးရှင် အလ္လာဟ် အရှင်မြတ်ထံ အာဇာနည်ခေါင်းဆောင်အား မိမိ၏ အနန္တကရုဏာတော်ဖြင့် လက်ခံတော်မူရန် ဆုတောင်းခဲ့ ပါတယ်။
ဆုတောင်းချက်များထဲမှ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
«اللهم إنه نزل مجاهداً موحداً»
"အို အလ္လာဟ်... ဤသူသည် တစ်ဆူတည်းသော အရှင်မြတ်ကို ယုံကြည်သက်ဝင်သော မိုဂျာဟစ်ဒ် တစ်ဦးအဖြစ် အရှင် ၏ ရှေ့မှောက်သို့ ရောက်ရှိလာပါသည်။"
«اللهم، اللهم، اللهم إنه نزل عندک شهیداً»
"အို အလ္လာဟ် ... အို အလ္လာဟ် ... အို အလ္လာဟ် ... ဤသူသည် အာဇာနည်တစ်ဦးအဖြစ် အရှင် ၏ ရှေ့မှောက်သို့ ရောက်ရှိလာပါသည်။"
ထို့အပြင် အစ္စလာမ်နှင့် မွတ်စလင်အုမ္မဟ်အတွက် ၎င်း၏ အနစ်နာခံမှုကို ရည်ညွှန်း၍ အောက်ပါအတိုင်း ဆုတောင်းခဲ့ပါတယ်။
«اللهم إنه نزل عندک قتیلاً للإسلام، قتیلاً لأمةٍ مسلمة»
"အို အလ္လာဟ်... ဤသူသည် အစ္စလာမ်ဘာသာနှင့် မွတ်စလင်မ်အွန်မသ် အတွက် အာဇာနည်တစ်ဦးအဖြစ် အရှင် ၏ ရှေ့မှောက်သို့ ရောက်ရှိလာပါသည်။"
အဆိုပါ ဆုတောင်းစကားများကို အလွန်နက်ရှိုင်းသော ဝမ်းနည်းကြေကွဲမှုနှင့် ဘာသာရေးခံစားချက်များဖြင့် ရွတ်ဆိုခဲ့သဖြင့် အခမ်းအနားတစ်ခုလုံးသည် နာမ်ပိုင်း ရေးရာ အငွေ့အသက်များဖြင့် ပြည့်နှက်ခဲ့ပြီး တက်ရောက်လာသူ အများအပြား၏ မျက်ရည်များကို ကျစေခဲ့ပါတယ်။
ယင်းဆုတောင်းချက်များတွင် အာဇာနည်ခေါင်းဆောင်၏ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်သက်ဝင်မှု၊ အစ္စလာမ်နှင့် မွတ်စလင်အွန်မသ် အတွက် အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်မှုနှင့် အာဇာနည် ဘဝကို ဂုဏ်ပြုဖော်ပြထားပြီး အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်က ၎င်းအား မိမိ၏ အနန္တ ကရုဏာ တော်နှင့် မြင့်မြတ်သောအဆင့်အတန်းဖြင့် လက်ခံတော်မူရန် ဆုတောင်းလျှောက်ထားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment