အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIBသတင်းအေဂျင်စီ၏ အဆိုအရ ဇူလိုင်လ ၈ရက်နေ့ ၂၀၂၆ခုနှစ် နံနက်အစောပိုင်းတွင် အမေရိကန် အကြမ်းဖက် တပ်ဖွဲ့က အစ္စလာမ်မစ် အီရန်နိုင်ငံတောင်ပိုင်းရှိ ဒေသအချို့ကို ရာဇဝတ်မှုမြောက်စွာ ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်၏ လေတပ်နှင့် ရေတပ်မှ ရဲစွမ်း သတ္တိရှိ စစ်သည် ၈ ဦးသည် ဘန်ဒါအဘာစ် နှင့် ဘူရှဲရ်မြို့များတွင် အစ္စလာမ်မစ် အမိမြေကို ကာကွယ်ရင်း ရန်သူ၏ ပစ်ခတ်လိုက်သော လက်နက်ကျည်များ ထိမှန်၍ ရှဟီးဒ် ဖြစ်ကျဆုံးခဲ့ကြပါတယ်။
ဘူရှဲရ်ရှိ ရှဟီးဒ် ယာစီနီ စစ်အခြေစိုက်စခန်းမှ ဗိုလ်ကြီး အလီ မိုအီနီ၊ ဘန်ဒါအဘာစ်ရှိ ရှဟီးဒ် အဗ်ဒိုလ်ကရီမီ စစ်အခြေစိုက်စခန်းမှ ဒုဗိုလ် အလီ မဟ်ဒီဇါဒေဟ် ၊ တတိယဒုဗိုလ် ဟာမစ်ဒ် ဒူရိုင်၊ ဒုတပ်ကြပ် အမီရ် ဟိုစိုင်းန် ကာစင်မီ၊ ဒုတပ်ကြပ် အလီရေဇာ ဇါရအီ စာနီ၊ ဒုတပ်ကြပ် အလီရေဇာ ဘာလီဒေ၊ ထို့အပြင် တပ်မတော်ရေတပ် ပထမဒေသမှ ရေတပ်ဒုတပ်ကြပ် ရှဟာဘ် အိုမီဒီ ဗဇီ နှင့် ရေတပ်သား မိုဟမ္မဒ် ဂျဝါဒ် ရာဝန်ဖရ် တို့သည် ယင်းတိုက်ခိုက်မှုများအတွင်း ရှဟီးဒ်ဖြစ်ခဲ့ကြပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တပ်မတော်က ရန်သူများကို နောက်ဆုံးအသက်ထွက်သည်အထိ ခုခံရပ်တည်သွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပြီး အစ္စလာမ်မစ် အမိမြေအတွက် အသက် ပေးလှူခဲ့ကြသော ရှဟီးဒ်များ၏ သွေးကြွေးကို ဤမြေနှင့် ဤရေ၏ ရန်သူများထံမှ ပြန်လည် လက်စားချေမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment