အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဥရောပမှ ထုတ်လုပ်သော Meteor လေမှလေ ဒုံးကျည်သည် Ramjet မောင်းနှင်စနစ်နှင့် ကျယ်ပြန့်သည့် "No-Escape Zone" စွမ်းရည်ကြောင့် ကမ္ဘာ့အကောင်းဆုံး Beyond Visual Range (BVR) ဒုံးကျည်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သို့သော် လက်ရှိတွင် တရုတ်နိုင်ငံ၏ ဒုံးကျည်နည်းပညာ တိုးတက်မှုများက ယင်းအသာစီးကို စိန်ခေါ်လာနေပြီဖြစ်ပါတယ်။
တရုတ်၏ PL-17 ဒုံးကျည်သည် ကီလိုမီတာ ၃၅၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး ရန်သူ၏ လောင်စာဖြည့် လေယာဉ်များနှင့် AWACS အစောပိုင်း သတိပေး ရေဒါလေယာဉ်များကို ဖျက်ဆီးရန် အထူး ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ ယင်းသည် စစ်ပွဲအတွင်း ရန်သူ၏ ထောက်ပံ့ရေးနှင့် ကွပ်ကဲ ထိန်းချုပ်မှု စနစ်များကို ထိခိုက်စေနိုင်သည့် စွမ်းရည်ရှိကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် PL-15 ဒုံးကျည်သည် ၂၀၂၅ ခုနှစ် မေလအတွင်း ပြုလုပ်ခဲ့သည့် "Operation Sindoor" စစ်ဆင်ရေးတွင် ပါကစ္စတန်၏ J-10C တိုက်လေယာဉ်များမှ အသုံးပြုခဲ့ပြီး လက်တွေ့တိုက်ပွဲအတွင်း ထိရောက်မှုရှိကြောင်း ဖော်ပြထားပါတယ်။ ယင်းဒုံးကျည်၏ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၂၀၀ ကျော်ရှိလာပြီး Meteor ဒုံးကျည်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်ဟု ဆိုပါတယ်။
အဆိုပါ အခြေအနေများကြောင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများသည် ၎င်းတို့၏ လေကြောင်းကာကွယ်ရေး မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်လျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ဗြိတိန်သည် Meteor ဒုံးကျည်၏ Mid-Life Upgrade အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး "Future Air Superiority Effectors" အစီအစဉ်ကိုသာ အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ပါတယ်။
တစ်ဖက်တွင်လည်း F-35 တိုက်လေယာဉ်များနှင့် Meteor ဒုံးကျည် ပေါင်းစပ်အသုံးပြုနိုင်ရေး အစီအစဉ်မှာ ၂၀၃၀ ပြည့်နှစ်များအထိ ရွှေ့ဆိုင်းထားသဖြင့် ထိုကာလအတွင်း အနောက်နိုင်ငံများသည် အကွာအဝေး ပိုမိုတိုသော AMRAAM ဒုံးကျည်များကိုသာ အားထားအသုံးပြုရမည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
လေ့လာသုံးသပ်သူများ၏ အမြင်အရ တရုတ်နိုင်ငံ၏ PL-17 နှင့် PL-15 ဒုံးကျည်များကို အရှိန်အဟုန်ဖြင့် တပ်ဆင်အသုံးပြုလာခြင်းသည် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုသာမက အင်ဒို-ပစိဖိတ်ဒေသ၏ လေကြောင်း စစ်ဆင်ရေး စည်းမျဉ်းများ ပြောင်းလဲလာနေကြောင်း ဖော်ပြသည့် မဟာဗျူဟာမြောက် သတင်း စကား တစ်ရပ် လည်း ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment