အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဘက်မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) ရှဟာဒသ် အတွက် ကျင်းပသည့် အဇါဒါရီ အစီအစဥ် ကို ဇိုင်နဗ်ဘီယဟ် (စ.အ) ခန်းမ၌ ကျင်းပခဲ့ပြီး၊ တော်လှန်ရေးခေါင်းဆောင် ကြီး ရှဟီးဒ်ဖြစ်သွားခဲ့ သည့် နေရာအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခမ်းအနားသို့ ပြည်သူလူထုအလွှာအသီးသီးမှ ပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားအစီအစဉ်တွင် နိုင်ငံအဆင့် ထူးချွန်ကုရ်အာန်သေလာဝသ် ပြု သူတစ်ဦးဖြစ်သည့် ဆယက်ဒ် အဟ်မဒ် မိုဂျီမီက အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ကုရ်အာန်မှ အာယသ်တော်များကိုသေလာဝသ် ပြုခဲ့ပြီးနောက် အဘာစ် ဟိုဒဲရ် ဇါဒေဟ် က နောင်ဟာဖတ်ကာ အဇါဒါရီ ပြုခဲ့ကြပါတယ်။
ထို့နောက် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မဟ်ဒီ အဆ်လာနီက ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့် ဆက်စပ်သတ်မှတ်ထားသည့် ကောင်းမြတ်သော ကျင့်စဉ်များ နှင့် ဇိကိရ်တော်များ၏ မြင့်မြတ်မှု၊ ယင်းတို့မှတစ်ဆင့် ရရှိလာနိုင်သည့် ကြီးမားသော ကောင်းချီးမင်္ဂလာများအကြောင်း မိန့်ကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “အလ္လာဟ်အရှင်မြတ်သည် ဤလောကကြီး၏ ရှေ့ဆက်မည့် ခရီးလမ်းကို ဇူဟူးရ် (အေမာမ် မဟ်ဒီ (အ.ဂျ) ပေါ်ထွန်းလာမည့်ကာလ) ဆီသို့ ဦးတည်စေရာတွင် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ လမ်းစဉ်ကို အခြေခံသည့် ပုံစံဖြင့် ဖြစ်စေရန် အလိုတော်ရှိတော်မူခဲ့ပါတယ်။
ထိုလမ်းစဉ်မှာ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်နှင့် အစ္စလာမ်တမန်တော်မြတ် (ဆွ) ၏ ညွှန်ကြားချက်များ၊ ထို့ပြင် အပြစ်ကင်းစင်၍ သန့်ရှင်းမြင့်မြတ်သော အဟ်လေ့ဘိုက်(သ) (အ.စ) တို့၏ လမ်းညွှန်ချက်များကို ကမ္ဘာပေါ်တွင် အပြည့်အဝ အကောင်အထည်ဖော်တည်ထောင်ခြင်းပင် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဟာဂျ် မန်ဆူရ် အရ်ဇီကလည်း ဟဇရသ် ဆွဒီးကာသိုလ် ကုဗ်ရာ (စ.အ) ၏ ဂုဏ်ကျေးဇူးတော်များကို အောက်မေ့သတိရကာ ဝမ်းနည်းဖွယ်ရာ ရှဟာဒသ် အကြောင်း ဝမ်းနည်းခြင်း ဖတ်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် ဖွာတွေမီယဟ် (စ.အ) ကာလ အဇါဒါရီ များကို ညနေ မဂ်ရိဘ်နှင့် အိရှာဝတ်ပြုချိန်မှ စတင်ကာ နိုဝင်ဘာလ ၁၄ရက် နေ့ ၂၀၂၆ ခုနှစ် စနေနေ့ ညအထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment