အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ်က ဆော်ဒီအာရေဗျနိုင်ငံပိုင် လက်နက်တပ်ဆင်ထားသော «CH-4» အမျိုးအစား သူလျှိုဒရုန်းတစ်စင်းကို ယီမင်နိုင်ငံ၊ အလ်ဂျောင်ဖ်ပြည်နယ်၏ ကောင်းကင်ယံတွင် ပစ်ချနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းသည် ရန်လိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်နေစဉ် ယီမင်တပ်ဖွဲ့များက သင့်လျော်သော လက်နက်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ယဟ်ယာ စရီးအ်က ယခုဒရုန်းသည် တင်းမာမှုများ စတင်မြင့်တက်လာသည့်အချိန်မှစ၍ ပစ်ချနိုင်ခဲ့သော အဆိုပါအမျိုးအစား ဒရုန်းများအနက် ပဉ္စမမြောက်ဒရုန်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment