၂၂ နိုဝင်ဘာ ၂၀၂၆ - ၂၃:၄၈
ဆော်ဒီအာရေဗျက ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်မချင်း အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်မည်မဟုတ်ဟု အတည်ပြု

ဆော်ဒီအာရေဗျနိုင်ငံသည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနှင့် အရှေ့ဂျေရုဆလင်မြို့အား ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ရေးတို့ကို အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန်အတွက် မဖြစ်မနေလိုအပ်သည့် အခြေအနေများအဖြစ် သတ်မှတ်ထားကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ABC Kabul၏ အစီရင်ခံစာ အရ  ဆော်ဒီအာရေဗျနိုင်ငံသည် ပါလက်စတိုင်းအရေးကို အပြည့်အဝဖြေရှင်းနိုင်ခြင်းမရှိသေးသရွေ့၊ အထူးသဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတစ်နိုင်ငံ ထူထောင်နိုင်ခြင်းမရှိသေးသရွေ့ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်မည်မဟုတ်ကြောင်း ၎င်း၏ ကာလရှည်ကြာစွာ ချမှတ်ထားသော ရပ်တည်ချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဆော်ဒီအာရေဗျအာဏာပိုင်များက သံတမန်ရေးရာ တိုးတက်မှုမှန်သမျှသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်တွင် ထင်ရှားသော တိုးတက်မှုများနှင့် ဆက်စပ်နေရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့ပါတယ်။ ထို့ပြင် ၁၉၆၇ ခုနှစ် နယ်နိမိတ်များအပေါ် အခြေခံ၍ အရှေ့ဂျေရုဆလင်မြို့ကို ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ရမည်ဟုလည်း တောင်းဆိုထားပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင် စလ်မာန်က အဆိုပါအချက်ကို “ဆွေးနွေးညှိနှိုင်း၍မရသော သတ်မှတ်ချက်” ဟု ခေါ်ဆိုခဲ့ပါတယ်။အထူးသဖြင့် ဂါဇာဒေသအခြေအနေအပါအဝင် ဒေသတွင်း၌ ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများကြောင့် ဆော်ဒီအာရေဗျ၏ အဆိုပါရပ်တည်ချက်သည် ပိုမိုခိုင်မာလာခဲ့ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha