ဆင်ခြေ ၁။ ။ဟီဂျဘ်၏ လိုအပ်မှုကို ယခုအချိန်ထိ ယုံကြည်မှုမခိုင်မာသေးပါ။
ဆင်ခြေ ၂။ ။ကျွန်မသည် ဟီဂျဘ်ဝတ်ဆင်ခြင်းအတွက် ယုံကြည်မှုခိုင်မာသော်လည်း ကျွန်မ၏ မိခင်မှ
မ၀တ်ရန် တားမြစ်သည်။ အကယ်၍ ကျွန်မ ၀တ်ဆင်မည်ဆိုလျှင် မိခင်၏ စကားကို မနာခံသည့်အတွက် ငရဲကျမည်ကို စိုးသောကြောင့် ဖြစ်သည်။
ဆင်ခြေ ၃။ ။ကျွန်မ၏ အ၀တ်အစားနေရာတွင် အစ္စလာမ့်အ၀တ်အစား (ဟီဂျဘ်)အစားထိုးခြင်းကို ကျွန်မ ၏ အနေအထားက ခွင့်မပြုနိုင်ပါ။
ဆင်ခြေ ၄။ ။ကျွန်မတို့၏ တိုင်းပြည်တွင် အလွန်ပူပြင်းသည့်အတွက် ကျွန်မအနေဖြင့် ဟီဂျဘ်ဝတ်ဆင်လျှင် မည်သို့နေနိုင်မည်နည်း။
ဆင်ခြေ ၅။ ။အကယ်၍ ကျွန်မသည် ဟီဂျဘ်ဝတ်ဆင်ပြီးနောက် အချိန်တစ်ချိန်တွင် အခြားသော အလုပ် များ လုပ်ဆောင်ရန်အတွက် ပြန်လည်ချွတ်ရမည်ကို ကြောက်မိသောကြောင့် ဖြစ်သည်။
ဆင်ခြေ ၆။ ။အကယ်၍ ကျွန်မ ဟီဂျဘ်ဝတ်လိုက်လျှင် ကျွန်မကို လက်ထပ်မည့်သူမရှိသောကြောင့် ဖြစ် သည်။
ဆင်ခြေ ၇။ ။အလ္လာဟ်အရှင်မြတ်သည် ကျွန်မအား ပိုးသားကဲ့သို့ ဆံပင်ကို ချီးမြှင့်ပေးထားသည့် အတွက် အဘယ်ကြောင့် ဟီဂျဘ်ဝတ်ရမည်နည်း။
ဆင်ခြေ ၈။ ။ဟီဂျဘ်ဝတ်ဆင်ခြင်းသည် ၀ါဂျိဘ်ဖြစ်သည်ကို ကျွန်မသိပါသည်။ သို့သော် အလ္လာဟ်အရှင်မြတ် ကျွန်မအား လမ်းညွှန်သောအချိန်မှသာ ကျွန်မ၀တ်ဆင်မည်။
ဆင်ခြေ ၉။ ။ကျွန်မသည် ငယ်ရွယ်သေးသဖြင့် ယခု ဟီဂျဘ်မ၀တ်ဆင်သေးပါ။ ကျွန်မ အသက်အရွယ် ကြီးလာချိန်နှင့် ဟဂ်ျပြုလုပ်ပြီးနောက်တွင် ၀တ်ဆင်ပါမည်။
ဆင်ခြေ ၁၀။ ။ကျွန်မ ဟီဂျဘ်ဝတ်ဆင်လျှင် အချို့သော အုပ်စုများ၏ တံဆိပ်တပ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့မိသည်။ ကျွန်မသည် အဖွဲ့အစည်းဆန်ခြင်းကို မုန်းတီးသည်။
ဆက်လက်၍ အကျယ်တ၀င့် ဖော်ပြပေးပါဦးမည်။