၁၄ စက်တင်ဘာ ၂၀၁၂ - ၁၉:၃၀

ကိုယ်တော်မြတ် (ဆွ) အား ပုတ်ခတ်စော်ကားသည့် ရုပ်ရှင်အားပြသမှုကြောင့် အင်ဒိုနီးရှား နိုင်ငံ၏ မြို့တော်ဂျကာသာမြို့ရှိ အမေရိကန် ကောင်စလာရုံး အားတက်ကြွမှု အပြည့် ရှိသည့် ဆန္ဒပြသူများအနေဖြင့်မီးရှို့လိုက်ကြပေသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ အစ္စလာမ်ဘာသာ၏ အမြင့်အမြတ်ထားသည့် အရာများ ကို စော်ကားပုတ်ခတ်သည့် ၊စက်ဆုတ် ရွံ့ရှာသည့် မကောင်းသည့် ယုတ်မာသည့် စိတ်ဓာတ်ရှိသည့်ဆိုက်ယူနင် ဝါဒီများ အနေဖြင့် လေးလံသည့် ရုန့်ရင်းကြမ်းတမ်းသည့် စော်ကားမှု ဖြင့်ရိုက်ထားသည့် ကိုယ် တော်မြတ် (ဆွ)အား စော်ကားပုတ်ခတ်မှုကြောင့် အစ္စလာမ် နိုင်ငံများ တွင် အမေရိကန် နှင့် ဆိုက်ယူနစ် တို့ဆန့်ကျင်ဖက် သပိတ်မှောက် ဆန္ဒပြခဲ့ကြလေသည်။အမေရိကန် နိုင်ငံထုတ် ကိုယ် တော်မြတ် (ဆွ) အား စော်ကားပုတ်ခတ် သည့် ရုပ်ရှင် ကြောင့် အင်ဒိုနီးရှားနိုင်ငံ ၏ မြို့တော် ဂျကာသာမြို့ရှိ အမေရိကန် ကောင်စလာရုံး အားတက်ကြွမှု အပြည့် ရှိသည့် ဆန္ဒပြသူများအနေဖြင့်မီးရှို့လိုက်ကြပေသည်။အင်ဒိုနီးရှား ရဲများ အနေဖြင့် ရဟတ်ယာဉ်ဖြင့် ကယ်တင်ခဲ့ရာ ကောင်စလာရုံး ဝန်ထမ်းများ အသက်ချမ်းသာရာ ရခဲ့လေသည်။ယီမင်နိုင်ငံတွင်လည်း သပိတ်မှောက်ဆန္ဒပြသူများ အနေဖြင့် အမေရိကန် သံရုံး အား ဝန်းရံ ပိတ်စို့ပြီး အမေရိကန် အလံ အား အောက်သို့ ဖြုတ်ချ ခဲ့ရာ အမေရိကန် ရေတပ်မှ ပစ်ခတ် ခဲ့ရာ ယီမင်နိုင်ငံသား ဆန္ဒပြသူ ၅ ဦးရှဟီးဒ် ဖြစ်ခဲ့ရလေသည်။