အပြစ်ဒဏ် တချို့ အကြောင်း တစေ့ တစောင်း
အပေါ့ (သေး)ကို သတိမထား ခြင်း ၏ အပြစ်ဒဏ် ၊ငရဲ
အေမာမ်ဂျာအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
ကဗဲရ်အတွင်း အဇာဗ် ပြစ်ဒဏ် ငရဲအများဆုံးမှာ အပေါ့(သေး) ကြောင့်ဖြစ်ပေသည်။
(ဆိုလိုသည်မှာသွာဟာရသ်ခေါ်သန့်ရှင်း စင်ရှယ်မှု ကို ဂရုမပြု သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးစလွယ် ရပ်၍သေးပေါက်သူများ ၊ သေးပေါက်ပြီး ရေမကိုင်တတ်သူများ ၊ သေချာ အစ္စလာမ် စည်းမျဉ်းအရ ဆေးကြောမှုမပြုသူများ၊အထူးသတိပြုပြီး ပြုပြင်သင့်
ပေသည်။ မိမိ အနာဂတ်တွက် မလွယ် မသွေ ရင်ဆိုင်ရမည့် ကဗဲရ် နှင့်စပ်လျဉ်းပြီး အထူး စဉ်းစား သင့်ပေသည်။ )
နမာဇ် အား အလေး မထားသည့်ခြင်း ၏ အပြစ်ဒဏ် ၊ငရဲ
အဗူဗဆွီးရ်ပြောကြားပါသည်။ ကျွန်တော် အနေဖြင့် ဟဇရတ် အွန်မေဟမီးဒါ (အေမာမ်(အ.စ) ၏ကြင်ယာတော် ) ထံ ဝင်ရောက်ခစားပြီး အေမာမ်ဂျာအ်ဖရ်ဆွာဒစ် (အ.စ) အတွက် ဝမ်းနည်း ကြေကွဲကြောင်း ပြောလေ၏။သခင်မကြီး အနေ ဖြင့် လည်း ငို ကြွေးလေရာ ကျွန်တော်လည်း ငို ကြွေးလေ၏။
ပြီးနောက်သခင်မကြီးမိန့်ကြားလေသည်။
အကယ်၍ အသင်အနေဖြင့် အေမာမ်(အ.စ) ၏ ကွယ်လွန်ချိန် (အေမာမ်(အ.စ) ) အနားတွင် ရှိမည်ဆိုလျှင်အံ့သြဖွယ်ရာ ကိုတွေ့ရပေသည်။ကိုယ်တော်(အ.စ)အနေဖြင့်နောက်ဆုံး အချိန်မျက်လုံးတော် များ ဖွင့်ပြီး မိန့်တော်မူလေသည်။
ကျွန်ုပ်၏ ဆွေးမျိုးအရင်းအချာများ ကို ခေါ်ပါလေ။ ကျွန်မလည်း အားလုံးကို ခေါ်ပေးခဲ့ပါသည်။ ထိုအချိန် အေမာမ် ဂျာအ်ဖရ်ဆွာဒစ် (အ.စ) အားလုံး ပြီး မိန့်တော်မူသည်။
နမာဇ်ကို ပေါ့ပေါ့တန်တန် သတ်မှတ်သူများ၊ အလေးမထားသူများ ၊ အရေးမပေးသူများအတွက် ကျွန်ုပ် ရှဖာအတ်(အသနားခံ )လုပ်ပေးမည် မဟုတ်ချေ။
မည်မျှနမာဇ် အရေးကြီးကြောင်း လေ့လာ တွေ့ရှိနိုင်ပေသည်။ အကြောင်း မှာ အေမာမ် (အ.စ) အနေဖြင့် မိမိ၏ နောက်ဆုံးထွက်သက် အချိန် သေးတမ်းစာ အဖြင့် မိမိကို အချစ်ထားသူ ရှီအာများ မိုဟစ်ဗ် များ ကို ဆွေးမျိုး သားချင်းများ ကို ပြောသည့် အကြောင်းပြချက်ဖြင့် မိန့်ကြား သွားလေ သည်။
ကောင်းမှု ကုသိုလ်များကို ပြုလုပ်ပြီး နမာဇ် မဖတ်သူများ အထူး သတိပြု သင့်ပေသည်။
ဂိုစ်လ်လေ ဂျနာ ဗသ် မပြု ခြင်း ၏ အပြစ်ဒဏ် ၊ငရဲ
အေမာမ်ဂျာအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
အကြင်မည်သူမဆို (မိုမင်) ဂိုစ်လ်လေ ဂျနာ ဗသ် ပြုလုပ်ရာတွင် တမင်သက်သက် ၊သိလျက်နှင့် ဆံပင် တမျှင် မျှရှိ နေရာအား မဆေးကြောဘဲထားခဲ့မည်ဆိုလျှင် ၎င်းသူသည် ဂျဟန္နမ် သို့ သွားရပေမည်။
အရွယ်ရောက်သူတိုင်း အထူး သတိပြုသင့်ပေသည်။
စဂ်ျသာ အတိုအတိုလေး ပြု ခြင်း ၏ အပြစ်ဒဏ် ၊ငရဲ
ရဝီး အနေဖြင့် အေမာမ် မိုဟမ္မဒ်ဘာကေရ်(အ.စ) အနေဖြင့်မိန့်တော်မူသည်ကို ကျွန်တော် ကြားရခဲ့ပါဟုဆိုလေသည်။ မိန့်တော်မူသည်မှာ - ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သည်ဗလီ တွင်ဝင်ရောက်သွား လေ၏။ထိုဗလီ အတွင်း မဟာ တမန်တော်မြတ်ကြီး (ဆွ) လည်း ရှိနေပေသည်။၎င်းပုဂ္ဂိုလ် သည် စဂ်ျသာ ပြုသင့် သလောက်မပြုဘဲ ၊စဂ်ျသာတွင် ဖတ်ရမည့် အရာများမဖတ်ဘဲစဂ်ျသာအတို၊အတို လေး ပြု လေ၏။
တမန်တော်မြတ်ကြီး (ဆွ) အနေဖြင့်မိန့်ကြားတော်မူလေ၏။ ဤ ပုဂ္ဂိုလ်သည် ကျီးကန်းကဲ့သို့ နှုတ်သီး ထိုးနေပေသည်။အကယ်၍ ဤ ပုဂ္ဂိုလ် သေသွားပါက ဒီးနန်ေမိုဟမ္မဒ်ဒီ (ဆွ)(ခ) အစ္စလာမ် သာသနာ့ အပေါ် သေဆုံးခြင်းမဟုတ်ဘဲအခြားဘာသာအပေါ်သေဆုံးခြင်း
ဖြစ်ပေသည်။
အင်ရှာအလ္လာဟ်ကျွန်တော်နှင့်တကွ မိုမင်တိုင်း စဂ်ျသာ ရှည်ရှည် ပြုနိုင်ပါစေ။
နမာဇ် တွင် ၊ပြီးနောက် ကိုယ်တော်မြတ် (ဆွ) အမည် ပါလာသည့် အခါ သရူးဒ် မပို့သ ခြင်း ၏ အပြစ်ဒဏ် ၊ငရဲ
အေမာမ်ဂျာအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
အကြင်မည်သူ မဆို နမာဇ် ဝတ်ပြုမည် ၊နမာဇ်အတွင်း ကိုယ်တော်မြတ် (ဆွ) အပေါ် သရူးဒ်မပို့သ မည်ဆိုလျှင် ၎င်း၏နမာဇ်သည် ဂျန္နတ်လမ်းအတွက် မဟုတ်ဘဲ အခြား လမ်း အတွက် ဖြစ်ပေမည်။
ထိုနည်းတူစွာမဟာတမန်တော်မြတ်ကြီး(ဆွ)အနေဖြင့်မိန့်တော်မူသည်။အကြင်မည်သူမဆို၏ရှေ့ မှောက် တွင် ကျွန်ုပ်၏ အကြောင်းပြောဆိုမည်၊ပြီးနောက် ၎င်းသည် ကျွန်ုပ်အပေါ် သရူးဒ်မပို့သ မည် ဆိုလျှင် ထိုသူသည် ဂျဟန္နမ် အတွင်းသို့ သွားရပေမည်။ထိုပြင်အလ္လာဟ်ဟိုအရှင်မြတ်၏ရဟ်မသ်တော်နှင့်
ဝေးရပေမည်။
ထိုနည်းတူစွာ မိန့်ကြားတော်မူသည်မှာ - အကြင်မည်သူမဆို၏ရှေ့ မှောက် တွင်ကျွန်ုပ်၏အကြောင်းပြောဆိုမည်၊ပြီးနောက် ၎င်း